Epidode - 11

6.2K 428 41
                                    

Unicode Version

ရှောင်းကျန့်သူ့ကိုယ်လုံးကိုကျစ်ကျစ်ပါအောင်ဖက် တွယ်ထားပြီးသူ့ရင်ခွင်ထဲမှာဗလုံးဗထွေးနဲ့စကားတွေဆိုရင်းငိုနေတဲ့ရိပေါ်ကြောင့်အိပ်မောကျနေတုန်းသူရုတ်တရတ်ရောက်လာတာမို့လန့်ပြီးငိုတယ်လို့ထင် သွားကာရိပေါ် ရဲ့မျက်နှာကိုအတင်းဆဲွမော့လိုက်ပြီးမှ

"ရိပေါ်! သတိထားပါဦး!ကိုယ်အခုလိုအချိန်မတော် ကြီးရောက်လာမိလို့မင်းအရမ်းလန့်သွားတာလား? မင်းကိုနိူးအောင်လုပ်မိတယ်ဆိုရင်Sorry ပါ။အခုဆက်ပြီးမငိုနဲ့တော့နော်။ခေါင်းမော့ပြီးကိုယ့်မျက်နှာကိုကြည့်ပါဦး!"

ရှောင်းကျန့်ပြောလိုက်တော့မှရိပေါ်ကတစ်ယောက် တည်းတီးတိုးရေရွတ်နေတာတွေကိုရပ်လိုက်ပြီးမျက် ရည်တွေစီးကျနေရင်းနဲ့ဘာစကားမှမပြောဘဲသူ့မျက် နှာကိုသတိလက်လွတ်နဲ့ငေးကြည့်လာတာမို့ရှောင်းကျန့်စိတ်ထဲရိပေါ်ရဲ့အခုပုံစံကြောင့်အနည်းငယ်သနားတဲ့စိတ်ဝင်မိကာမျက်ရည်သုတ်ပေးဖို့လက်လှမ်းလိုက် မိပေမယ့်ရွံတတ်တဲ့သူ့အကျင့်ကြောင့်လက်ကိုပြန်ရုတ် လိုက်ပြီးရိပေါ် ကိုပုံမှန်ပြောနေကျအနည်းငယ်အမိန့် ဆန်တဲ့လေသံနဲ့

"ရိပေါ်!မင်းမျက်နှာကိုအရင်သန့်ရှင်းလိုက်ဦး! ပြီးတာနဲ့ပြန်အိပ်တော့။ကိုယ်လည်းအခုလေးတင်ဒီကိုရောက် လာတာမို့မင်းဆီကိုခဏဝင်လာလိုက်တာ။ဒါဖြင့်ကိုယ် ခရီးပန်းလာလို့သွားနားလိုက်ဦးမယ်။"

ရှောင်းကျန့်ကပြောပြောဆိုဆိုနဲ့လှည့်ထွက်ဖို့ပြင်တော့မှရိပေါ်ကတချိန်လုံးငေးငိုင်နေရာကနေသတိဝင်လာပြီးသူ့ကိုကျောခိုင်းသွားတော့မယ့်ရှောင်းကျန့်ရဲ့လက် တစ်ဖက်ကိုခပ်တင်းတင်းလှမ်းဆဲွကာသူအသိချင်ဆုံး မေးခွန်းကိုလေသံကျယ်ကျယ်နဲ့ရှောင်းကျန့်ကို

"အခုမှရောက်တာဆိုတော့ဘယ်နေ့ပြန်မှာလဲဟင်?
Daddy က....."

ရိပေါ်မေးလာတော့ရှောင်းကျန့်ကသူရှိတဲ့ဘက်ကိုတစ် ချက်ပြန်လှည့်ကြည့်ပြီးစဉ်းစားတဲ့ပုံစံလုပ်ကာ

"အင်း!!!မနက်ဖြန်နေ့လည်လောက်တော့ပြန်မှရမယ်။ကိုယ်ရောက်ရောက်ချင်းဒီကိုပဲအရင်ဆုံးတန်းလာလိုက်မိလို့လေ!နောက်ပြီးဟိုဘက်မှာလည်းမနက်ဖြန် အပြီးဆုံးဖြတ်ပေးရမယ့်ကိစ္စတွေကလည်းရှိနေသေး တာဆိုတော့။"

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now