Unicode Version
အဲ့နေ့နောက်ပိုင်းကစပြီးရှောင်းကျန့်နဲ့ရိပေါ်ရဲ့အခြေ အနေကအကောင်းကြီးလည်းမဟုတ်သလိုဆိုးရွားတဲ့ဘက်မှာလည်းမရှိဘူး။ရိပေါ်ဘက်ကဘာကိုမှမတောင်းဆိုဘဲရှောင်းကျန့်ရဲ့အမိန့်တွေကိုနာခံနေသ ရွေ့အချိန်အထိတော့သူနဲ့ရှောင်းကျန့်ရဲ့ကြားမှပြဿာနာအထွေအထူးမရှိခဲ့ဘူး။
ဒီကြားထဲကျောင်းမှာလည်းရိပေါ်ကိုစိတ်ဝင်စားတဲ့မိန်းကလေးအချို့ကရှိနေပြန်တာမို့ဟောက်ရွှမ်းတို့က သူငယ်ချင်းချင်းဆိုတော့တဲွကြည့်ဖို့မြှောက်ပေးပေမယ့် ရိပေါ်ကိုယ်တိုင်ကလည်းစိတ်မပါတဲ့အပြင်ရှောင်းကျန့်သာအဲ့အကြောင်းကိုသိသွားခဲ့ရင်အဲ့ဒီ့မိန်းက လေးရဲ့ဘဝကမတွေးရဲစရာဖြစ်သွားမှာမို့ရိပေါ်သူ့ကိုလာရောတဲ့မိန်းကလေးမှန်သမျှနဲ့အတတ်နိုင်ဆုံးကင်းအောင်နေခဲ့တယ်။
ကျိုးချန်ကောကလည်းအမြဲတမ်းသူ့ဘက်ကပဲရပ် တည်ပေးတတ်တဲ့သူဆိုတော့ရိပေါ်ကိုသဘောကျရတဲ့လူများတွေ့နေပြီလားလို့အမြဲမေးတတ်တယ်။မေးတိုင်းလည်းရိပေါ်ပြန်ဖြေခဲ့တာက
"ကျွန်တော့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ဘယ်မိန်းက လေးကိုမှကျွန်တော်စိတ်မဝင်စားဘူးကော။အ ကြောင်းပြချက်ရယ်လို့ရေရေရာရာတော့မရှိပေမယ့် သူတို့ကျွန်တော့်ကိုချွဲ့နွဲ့ပူဆာတာမှန်သမျှကိုနား ထောင်နေမယ့်အစားကျွန်တော်ခေါ်ရင်တောင်တစ် ခွန်းပြန်မထူးဘဲအေးစက်တဲ့အကြည့် တစ်ချက်သာပို့တတ်တဲ့Daddy ကိုပဲကျွန်တော်သဘောကျတယ် ကော။ကျွန်တော်ပဲDaddy ကိုစိတ်ကြိုက်ဂျီကျပြီးဆိုးရတာကိုပိုပြီးနှစ်သက်တယ်။ကျွန်တော်အခု Daddy ဆီမှာလုံးဝကြီးကိုကျရှုံးနေတာမှတ်လားဟင်!ကော!"
ရိပေါ်စကားဆုံးတော့ကျိုးချန်ကသူ့မျက်နှာကိုသေချာစိုက်ကြည့်ရင်းနဲ့
"မင်းကိုငါအတန်တန်သတိပေးခဲ့သားနဲ့ရိပေါ်ရယ်!မင်းတခြားသူကိုသဘောမကျမိတာလည်းကောင်းတယ်ဆိုပေမယ့်ရှောင်းကျန့်ရဲ့ကြိုက်စရာမဟုတ်တဲ့အပြုအမူတွေအထိသဘောကျတာကိုတော့ကောစိုးရိ မ်တယ်။ရှောင်းကျန့်ပေးသမျှနာကျင်စရာတွေကိုစုထားရင်းအရမ်းများလာတဲ့တစ်နေ့မင်းစိတ်ထဲမှာရှောင်းကျန့်နဲ့ပတ်သတ်ခဲ့တာတွေအကုန်လုံးကကြီးမားတဲ့စိတ်ဒဏ်ရာအဖြစ်ပြောင်းသွားပြီးမင်းတောင်မသိလိုက်ဘဲနဲ့ရှောင်းကျန့်ကိုမေ့သွားမှာ!အမုန်းကြီးမုန်းသွားမှာ!အဲ့ဒါကိုကောစိတ်ပူမိတယ်။"
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.