Episode - 49

3.5K 314 206
                                    

Unicode Version

ရိပေါ်အတွေးပေါင်းစုံနဲ့ အိပ်ယာပေါ်လှဲနေတုန်း အချိန်နှစ်နာရီနီးပါးလောက် ကြာတော့ကျ Daddyက ခပ်တင်းတင်းမျက်နှာနဲ့ အိပ်ခန်းထဲကို ပြန်ဝင်လာတာမို့ ရိပေါ်အံ့ဩပေမယ့် ပုံမှန်မျက်နှာမျိုးနဲ့ပဲ

"အာ! Daddyတောင် ပြန်ရောက်လာပြီပဲ! ပြောတော့ ညစာပါစားမှာဆို! ပြန်လာတာ မြန်လိုက်တာ! "

Daddyက ရိပေါ်ပြောသမျှကို အပေါ်ထပ် ကုတ်အင်္ကျီချွတ်နားထောင်နေရင်းကနေ ပုံမှန်လေသံမျိုးနဲ့

"အင်း! မင်းပဲတွေ့ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့ဆို! နောက်ပြီး မင်းမှာတဲ့ဘဲကင် ထမင်းစားခန်းမှာ ပြင်ခိုင်းထားတယ်။ ညစာသွားစားတော့! "

Daddyအပြောကြောင့် ရိပေါ်လည်း လှဲနေရာကနေ ငုတ်တုတ်ထထိုင်ပြီး

"ကျွန်တော်တစ်ယောက်တည်း စားရမှာလား? Daddyကရော! "

​သိချင်စိတ်အပြည့်နဲ့ မေးလိုက်တော့ Daddyက ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်နေရာကနေ ရိပေါ်ဆီ လှည့်ကြည့်ကာ

"ကိုယ်ကအခုလေးတင် စားလာပြီးပြီလေ။ မင်းပဲ သွားစားလိုက်တော့! သွား! လိမ်မာတယ်။ ကိုယ်ချွေးတွေနဲ့မို့ ရေချိုးချင်နေလို့! "

ရိပေါ် စိတ်ထဲမကောင်းပေမယ့် ဟန်ဆောင်ပြုံးကာ ခေါင်းတစ်ချက်ငြိမ့်ပြရင်း

"အင်းပါ! ဒါဖြင့် ကျွန်တော် အောက်ခဏဆင်းမယ်နော်! "

စကားဆုံးတာနဲ့ အခန်းအပြင်ထွက်လာရင်း ခြေလှမ်းတွေကို ထမင်းစားခန်းဘက်ဆီ ဦးတည်နေပေမယ့် စိတ်ထဲမှာတော့ Daddyဘာလို့ ငါ့ကို ရင်မဖွင့်ပါလိမ့် ဆိုတဲ့ မေးခွန်းကိုပဲ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးမိနေကာ ညစာကို တို့ကနန်း ဆိတ်ကနန်းမျှသာ စားပြီး အိပ်ခန်းဆီ ပြန်လာခဲ့လိုက်တယ်။

အိပ်ခန်းထဲဝင်လိုက်တော့ Daddyကညဝတ်အင်္ကျီနဲ့ စာကြည့်စားပွဲပေါ် အလုပ်ထိုင်လုပ်နေတာမို့ အနားသွားမတ်တပ်ရပ်ကာ အနောက်ကနေ ပုခုံးကိုသိုင်းဖက်ပြီး

"အခုလေးတင် အပြင်ကပြန်လာတာ မပင်ပန်းဘူးလား? ဘာလို့ မိုးချုပ်မှ ဒါတွေကို ထလုပ်နေရတာလဲ? နားလိုက်ပါ။ နောက်နေ့မှ လုပ်တော့နော်! "

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now