Unicode Version
ရိပေါ်အရေးတကြီး ချိန်းလိုက်တော့ ယွီပင်းကောနဲ့ သူငယ်ချင်းနှစ်ယောက်က စားသောက်ဆိုင်ရဲ့ Private roomထဲကို ရှေ့ဆင့်နောက်ဆင့်ပဲ အသည်းအသန်ရောက်ချလာကြကာ မျက်နှာမကောင်းတဲ့ရိပေါ်ကို တစ်ယောက်တစ်ပေါက်နဲ့ မေးခွန်းထုတ်ကြတယ်။
"ရိပေါ်! အရေးတကြီးတွေ့ချင်တယ်ဆိုလို့ စိုးရိမ်လိုက်ရတာ! ပြောစမ်းပါဦး! "
"ဟုတ်တယ်ရိပေါ်! မင်းခေါ်လို့ ငါနဲ့ကောဆို ရုပ်ရှင်လက်မှတ် အဆုံးခံပြီးတော့တောင် လာတာနော်! ပြောလိုက်ဦးလေကော! "
"ဟုတ်တယ်ရိပေါ်ရေ! မင်းသူငယ်ချင်းက မင်းအတွက်မို့ သူ့ကိစ္စကိုဖျက်ပေးတာ! ကောကြောင့်ပျက်သွားရင်တော့လား ခုနှစ်ရက်ခုနှစ်လီ မုန့်ဝယ်ကျွေးပြီး ချော့ရပါလေရောကွာ! "
ရိပေါ် သူငယ်ချင်းတွေရဲ့စကားကို အဆုံးအထိ နားထောင်ပေးပြီးတာနဲ့ ယွီပင်းကောကို သေချာစိုက်ကြည့်ရင်း
"ကော! ကျွန်တော် မေးစရာရှိလို့! သေချာလေး အာရုံစိုက်ပြီးဖြေပေး! အခုတလော Daddyအရင်နဲ့မတူဘဲ ထူးခြားနေတာကို ကောရော သတိထားမိလား? "
ရိပေါ်မေးလိုက်တော့ ယွီပင်းကောက တစ်ချက်ငြိမ်ကြသွားပြီး စဉ်းစားနေကာ ခဏကြာသွားမှာ ရိပေါ်မျက်နှာကို စေ့စေ့ပြန်ကြည့်ရင်း
"ဟိုလေ! သတိထားမိသလောက်ဆို ဥက္ကဌက အခုတလော အနံ့စူးစူးတွေရတာနဲ့ ထအန်တော့တာပဲ! နောက်ဆုံး ရေမွှေးအနံ့ကအစ ပြင်းရင်သူမခံနိုင်ဘူး။ နောက်ပြီး တခါတလေ ရုံးကိစ္စနဲ့ အပြင်သွားနေရာကနေ ဖုန်းတစ်ခုဝင်လာရင် ရောက်တဲ့နေရာမှာ ကောကိုဆင်းခိုင်းပြီး ဆက်သွားတော့တာပဲ! ဒီအတောအတွင်း အဲ့လိုအခြေအနေမျိုး ကြုံတာ သုံးခါလောက်တော့ရှိပြီ! "
ယွီပင်းကောရဲ့ အဖြေစကားအဆုံးမှာ ရိပေါ်တစ်ချက်တွေဝေသွားကာ သူ့မျက်စိရှေ့က လူတွေအကုန်လုံးကို အသေအချာ ဝေ့ဝဲကြည့်ရင်းကနေ တွေးတွေးဆဆ လေသံမျိုးနဲ့
"Daddyမှာ နောက်တစ်ယောက်များ ရှိနေတာလား မသိဘူးနော်! မင်းတို့ရော ဘယ်လိုထင်ကြလဲ? "
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.