Unicode Version
ကျိုးချန်တစ်ယောက် ရှောင်းကျန့်နဲ့ရိပေါ်တို့ ဒီတစ်ခေါက် ပြန်အဆင်ပြီးနောက်ပိုင်းကတည်းက နှစ်ယောက်စလုံး အရင်ကထက် နားလည်မှုပိုရှိသွားပြီး ရန်ဖြစ်တာ၊ အထင်လွဲကြတာမျိုးလည်း ထပ်မရှိတော့တာမို့ ကိုယ်တိုင်ကလည်း ပါရမီဆက်ဖြည့်တဲ့အနေနဲ့ ညတိုင်းကလေးနှစ်ယောက် အခန်းထဲခေါ်သိပ်ပေးနေရတာကို စိတ်ကျေနပ်မိပေမယ့်လို့ စိတ်အနှောက်ယှက်ဖြစ်ရတာတစ်ခုက သူအိပ်မောကျလို့ နိုးလာတဲ့အချိန်တိုင်းမှာ ဟိုမျက်နှာရူးဆရာဝန်ရဲ့ ရင်ခွင်ထဲ အလိုအလျောက် ရောက်ရောက်နေခြင်းပင်။
မအိပ်ခင်မှာ ဘယ်လောက်ပဲ သေချာသတိထားအိပ်ပါစေဦးတော့ နိုးလာတဲ့အချိန်တိုင်း ထိုလူရဲ့ လက်တွေကြားရောက်ကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်တာခံရပြီး အိပ်မိတဲ့ အနေအထားမျိုးပဲ အမြဲဖြစ်ဖြစ်နေပြန်တယ်။
အဲ့ကိစ္စကို မကျေနပ်လို့ ဒေါသတကြီးနဲ့ အော်ဟစ်ပြီး ပြဿာနာရှာတော့လည်း တစ်ဖက်လူက သူတကယ်ကြီး ဘာမှမသိတဲ့ အရိုးခံမျက်နှာလေးနဲ့ အိပ်မှုံစုံမွှားထလာကာ မတော်တဆပါဆိုပြီး ဆင်ခြေအမြဲပေးပြန်တယ်။
ဒင်းကိုမယုံတာမို့ အိပ်ခန်းအပြင်ကို မောင်းထုတ်လိုက်ဖို့ကျပြန်တော့လည်း သူတစ်ယောက်တည်းအားနဲ့ ကလေးနှစ်ယောက်စလုံးကို တစ်ညလုံးမစောင့်ရှောက်နိုင်တာမို့ ဒင်းတမင် အခွင့်ကောင်းယူနေမှန်း သိသိရက်နဲ့ ငြိမ်ခံနေရတဲ့အဖြစ်ရယ်။
ခါတိုင်းလိုဆို ကလေးတွေကို ယွီပင်းတို့အခန်းထဲ အကူအညီတောင်းပြီး သွားသိပ်လို့ရပေမယ့် ဖန်ရှင်းတို့ ကျောင်းတွေပိတ်ထားတာမို့ ယွီပင်းက အလုပ်ကနေခွင့်တင်ပြီး ဖန်ရှင်းမိဘတွေနဲ့ တွေ့ဖို့သွားကြတော့ ကျိုးချန်တစ်ယောက် ဒီကိစ္စကို ဖြေရှင်းဖို့အရေး ကြံရာမရဘဲ အကြပ်ရိုက်နေမိတယ်။
ရှောင်းကျန့်နဲ့ ရိပေါ်ကိုကျ ပြန်ပြေလည်ကာစ လင်လင်တွေဖြစ်တာမို့ ကလေးတွေသွားပို့ပြီး အနှောက်အယှက်မပေးချင်ပြန်ဘူး။ နှစ်ယောက်စလုံးက တနေကုန် Companyမှာလည်း အလုပ်ကိုယ်စီနဲ့ ပင်ပန်းလာရတဲ့အထဲ ညဘက်အထိ ကလေးငိုတိုင်း ထချော့နေရမှာတော့ဖြင့် ကျိုးချန်မကြည့်ရက်ပါ။ အထူးသဖြင့် ကလေးတွေကို ချစ်သာချစ်ပေမယ့် ကလေးသည်းညည်းလုံးဝမခံတတ်တဲ့ ရှောင်းကျန့်ကြောင့် တကယ်တမ်းပိုပင်ပန်းမယ့်လူက ကိုယ့်သားအရင်းလို သဘောထားရတဲ့ ရိပေါ်လေးပဲဖြစ်နေမှာမို့ ပိုလို့တောင် သွားမပို့ရက်သေးတယ်။
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.