Episode - 29

5.1K 405 56
                                    

Unicode Version

ရှောင်းကျန့်ရိပေါ်အိပ်ပျော်လောက်ပြီလို့ထင်တဲ့အချိန် လောက်မှအိပ်ခန်းထဲကိုပြန်ဝင်ခဲ့လိုက်ပြီးသူပို့ခိုင်းလို က်တဲ့စွပ်ပြုတ်ပန်းကန်ကိုတစ်ချက်ကြည့်လိုက်တော့တကယ်ကြီးကုန်အောင်စားထားတာကိုတွေ့တာနဲ့

"ဒီလိုကျတော့လည်း ဒီကလေးကပြောစကားကိုတော့နားထောင်ရှာသားပဲ!"

လို့တီးတိုးရွတ်ဆိုရင်းအိပ်ယာပေါ်မှာထုံးစံအတိုင်းခြုံလက်စစောင်ကိုကန်ထုတ်ထားပြီးအကိုက်အခဲပျောက် ဆေးအရှိန်နဲ့နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ရိပေါ်ရဲ့ဘေး မှာစောင်းလျက်အနေအထားနဲ့ဝင်လှဲလိုက်ပြီးခေါင်းကပတ်တီးစည်းထားတဲ့နေရာလေးကိုမြင်တော့စိတ် မကောင်းဖြစ်သွားကာဖွဖွလေးထိကိုင်မိပြီးနှုတ်ကနေလည်းခပ်တိုးတိုးလေသံနဲ့

"တောင်းပန်ပါတယ်ရိပေါ်ရယ်!ကိုယ့်ကြောင့်မင်းနဖူးကိုနောက်တစ်ကြိမ်ဒဏ်ရာရစေခဲ့ပြီ။"


ရိပေါ်ရဲ့မအိပ်ခင်ကငိုထားတဲ့အရှိန်ကြောင့်မျက်ခွံလေးတွေမို့အစ်နေတာမြင်တော့ရှောင်းကျန့်အသဲယားစွာသူနှုတ်ခမ်းတွေနဲ့ဖိကပ်ပြီးအနမ်းပေးမိတယ်။အခုသူထိတွေ့နေတဲ့ရိပေါ်ရဲ့ပါးလေးတွေကသူနဲ့အတူနေတုန်းကထက်တောင်ပိုပြီးဖောင်းဖောင်းလေးဖြစ်နေတာမို့စိတ်ရှိလက်ရှိနဲ့ဖြစ်ညှစ်ပစ်လိုက်ချင်တဲ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ရင်းအနမ်းတွေသာထပ်ပြီးဘယ်ညာနှစ်ဖက်စလုံးကိုအနှံ့ဖြန့်ကျက်မိပြန်တယ်။


အဲ့ကနေမှတဆင့်သူ့အကြည့်တွေကဖူးဖူးလုံးလုံးလေးဖြစ်နေတဲ့ခပ်ဟဟနှုတ်ခမ်းတွေဆီရောက်သွားတော့လက်မနဲ့အသာလေးထိတွေ့နေလိုက်ရင်းစိတ်ထဲမှာလည်း


*ရိပေါ်!အခုကိုယ်အိမ်မက်မက်နေတာမဟုတ်ပါဘူးနော်!မင်းကတကယ်ကိုယ့်ဘေးမှာရှိနေတာဟုတ်တ ယ်မှတ်လား?ပိုပြီးသေချာသွားအောင်မင်းရဲ့နှုတ်ခမ်းလေးတွေကိုတစ်ခါလောက်နမ်းကြည့်မယ်နော်!အင်း!ဟုတ်တယ်!ဒီအထိအတွေ့ပဲ!ဒါဖြင့်မင်းကိုယ်နဲ့အတူရှိနေတယ်ဆိုတာအစစ်အမှန်လို့ကိုယ်ယုံပါပြီ။ဒီလိုနေ့မျိုးရောက်ဖို့ကိုယ်ဘယ်လောက်တောင်စောင့်ခဲ့ရလဲမင်းသိလား?မင်းကိုယ့်ရင်ခွင်ထဲကနေထွက်သွားတာတစ်နှစ်ကျော်ကျော်ဆိုတဲ့အချိန်လေးပေမယ့်ကိုယ့်အ တွက်ကတော့ဆယ်ကမ္ဘာလောက်အထိကြာသွားသလိုခံစားရတယ်ကွာ။အဲ့ဒါကြောင့်အခုအချိန်ကနေစပြီးကိုယ့်အနားကနေဘယ်ကိုမှထပ်မသွားပါနဲ့တော့နော်။မင်းသာကိုယ့်ဘေးမှာရှိနေရင်ကိုယ်ဘယ်သူ့ကိုမှမ ကြောက်ဘူး။မင်းလက်ကိုဆဲွပြီးတလောကလုံးနဲ့ရင် ဆိုင်နိုင်တယ်ဆိုတာသိရဲ့လား?အဆိုးလေးရဲ့!*


My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now