Unicode Version
ဒီနေ့နဲ့ဆို Daddyခရီးထွက်သွားတာ ၃ရက်မြောက် ဖြစ်နေပြီ။ ရုံးဆင်းတာနဲ့ သူငယ်ချင်းတွေက မပျင်းရလေအောင် ထမင်းအတူစားပေး၊ အဖော်လုပ်ပေးပေမယ့် အိပ်ခန်းထဲကို ခြေချလိုက်တာနဲ့ Daddyကိုလွမ်းရတဲ့ ဝေဒနာကတော့ လျော့မသွား။ တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်နဲ့ ပိုပိုသာတိုးလာတယ်။
အိပ်ခန်းထဲကို ပြန်ရောက်လာတာနဲ့ Daddyရဲ့ပုံရိပ်တွေက ရိပေါ်ကိုနေရာတိုင်းလိုလို စိုးမိုးထားတယ်။ ညအိပ်တော့လည်း အိပ်ယာခင်း၊ခေါင်းအုံးစွပ်မကျန် ခြုံတဲ့စောင်ကအစ Daddyကိုယ်သင်းနံ့တွေ စွဲထင်နေတာမို့ လွမ်းတဲ့စိတ်နဲ့ အရင်၂ညလုံးလည်း အိပ်နေရင်း အကြိမ်ကြိမ်အခါခါ လန့်နိုးခဲ့တာချည်းပင်။
ခဏနေရင် Daddyက Vedio Callခေါ်တော့မှာမို့ ရိပေါ်ညဝတ်အင်္ကျီလေးဝတ်ပြီး စာကြည့်စားပွဲမှာ နေရာယူရင်း ဖုန်းအလာကို ထိုင်စောင့်နေလိုက်တယ်။
Daddyဆီကဖုန်းဝင်လာတော့ ရိပေါ်ချက်ချင်း တန်းကိုင်လိုက်ပြီး Screenတစ်ဖက်က မြင်တွေ့ခွင့်ရတဲ့ မျက်နှာချောချောလေးကို အလွမ်းတွေအပြည့်နဲ့ စိုက်ကြည့်နေလိုက်တယ်။
အနောက်တိုင်းဝတ်စုံနဲ့ကိုမှ နတ်ကတိုင်ကို ပုံမှန်ထက် အနည်းငယ် လျောချရင်း စာရွက်စာတမ်းတွေကြား ခေါင်းစိုက်နေရှာတဲ့ Daddyက ရိပေါ်ဖုန်းကိုင်ပြီး တစ်မိနစ်လောက်ကြာမှ ရှေ့တည့်တည့်ကို သေချာကြည့်ကာ
"အာ!! ကလေးတောင် ဖုန်းလက်ခံပြီးပြီပဲ။ ကိုယ်လက်မှတ် ထိုးနေရင်း တန်းလန်းဖြစ်သွားလို့ Sorryနော်။ "
Daddyက အခုမှ လုပ်လက်စတွေကို ဘေးချကာ တောင်းပန်စကားဆိုလာတာမို့ ရိပေါ်လည်း အသာအယာခေါင်းငြိမ့်ပြရင်း တစ်ဆက်တည်းမှာပဲ
"ရပါတယ်Daddyရဲ့! နေ့လည်စာရော စားပြီးပြီလား? "
"ဟမ်! နေ့လည်စာလား? ကလေးနဲ့ဖုန်းပြောပြီး ခဏနေမှပဲ သွားစားလိုက်တော့မယ်လေ။ နေ့လည်စာ စားပြီးမှ ဖုန်းခေါ်ရင် ကလေးအိပ်ယာဝင်ချိန် နောက်ကျနေမှာစိုးလို့! "
Daddyကပြောပြောဆိုဆိုနဲ့ သူ့မျက်နှာအမူအယာကို သေချာအကဲခတ်နေတာမို့ ရိပေါ်ဝမ်းနည်းနေတဲ့စိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomansaHate has a lot of reasons but love has no reason.