Episode - 4 🔞

25K 652 15
                                    

Unicode Version

ညစာစားချိန်ရောက်တော့ထမင်းဝိုင်းမှာရိပေါ်နဲ့ကျိုးချန်နှစ်ယောက်ထမင်းအတူတူစားနေရင်းရိပေါ်ကဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်အကဲခတ်နေတာမို့ကျိုးချန်ကအလိုက်တသိနဲ့

"မင်းDaddy အခုထိအိပ်နေတုန်းပဲ!မင်းသူ့ကိုရှာနေတာမလား?"

ကျိုးချန်ရဲ့စကားကိုကြားတော့ရိပေါ်ကဂရုမစိုက်တဲ့ဟန်နဲ့

"မရှာပါဘူး!အားအားယားယား!သူမရှိဘဲနေလာတာဖြင့်ကြာလှပြီကို ကျွန်တော်ကဘာလို့ရှာရမှာလဲ?"

ရိပေါ်ရဲ့အဖြေကိုကျိုးချန်ကခပ်ပြုံးပြုံးမျက်နှာထားနဲ့

"ရိပေါ်လေး ကောကိုမှန်မှန်ပြော!။ရိပေါ်လေးက ရှောင်းကျန့်ကိုချစ်ပေမယ့်ရှောင်းကျန့်ကရိပေါ်လေးကိုအချိန်အကြာကြီးပစ်ထားလို့အခုလိုတွေဒေါသထွက် ပြီးအဆီအငေါ်မတည့်တဲ့စကားတွေပြောနေတာဟုတ် တယ်မှတ်လား!"

ကျိုးချန်ရဲ့အပြောကိုရိပေါ်ကတစ်စက်လေးမှလက်မခံတဲ့ပုံစံနဲ့ခါးခါးသီးသီး

"နေပါ! ဘာကိစ္စသူ့ကိုချစ်ရမှာလဲ?။သူနဲ့ပတ်သတ်ပြီးကျွန်တော့်မှာဘာခံစားချက်မှမရှိဘူး။ဒီအတိုင်းအမြင် ကတ်ပြီးအသိအမှတ်မပြုချင်ရုံသက်သက်ပဲရှိတာ။"

ရိပေါ်ရဲ့အဖြေကိုကြားတော့ကျိုးချန်ကခေါင်းတခါခါနဲ့

"ရိပေါ် !မင်းတခြားသူကိုပဲညာလို့ရမယ်။မင်းအနားမှာ၁၀နှစ်လောက်အထိအတူရှိလာခဲ့တဲ့ကောကိုတော့မင်းညာလို့မရဘူးနော်။မင်းငယ်ငယ်ကဆိုရှောင်းကျန့် မချစ်မှာကိုတောင်ကြောက်နေပြီးတော့အခုပြန်တွေ့မှဘာလို့ဆိုးနေရတာလဲ?။ကောပြောပြမယ်!ရှောင်းကျန့် ကသူ့စကားနားထောင်တဲ့သူတွေဆိုရင်သိပ်သဘော ကျတာ။ဥပမာကောကိုဆိုကြည့်ပါ့လား။မင်းလည်းဖြစ် ချင်တဲ့ဆန္ဒတွေရှိတယ်မှတ်လား။သူ့စိတ်တိုင်းကျအလိုက်အထိုက်နေပေးလိုက်ရင်သူခွင့်ပြုချင်ပြုမှာပေါ့မဟုတ်ဘူးလား?။ကောစကားကိုမှတ်ထားနော်ရိပေါ်။ရှောင်းကျန့်ကတခါတလေစိတ်အရမ်းဆိုးတဲ့အချိန်မျိုးဆိုရှေ့နောက် မကြည့်ဘဲလုပ်ချင်တာလုပ်တတ်တယ်။မင်းသိအောင်လို့ကောကသတိပေးတာ!ကြားလား!"

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now