Unicode Version
ညစာစားချိန်ရောက်တော့ရှောင်းကျန့်ကထမင်းစစားနေပြီဆိုပေမယ့်ကျိုးချန်မှာတော့ရိပေါ်ကအခုအချိန်အ ထိညစာစားဖို့ကိုဆင်းမလာသေးတာမို့စိတ်ပူပြီးထ မင်းဝိုင်းကိုရောက်နေတာကြာနေပေမယ့်တစ်လုတ်မှကိုမစားနိုင်သေးဘဲခဏကြာတော့ဆက်ပြီးစောင့်မနေနိုင်တော့တာမို့ထိုင်နေရာကနေမတ်တပ်ထရပ်လိုက် တော့သူဘယ်သွားမယ်ဆိုတာကိုရိပ်မိနေတဲ့ရှောင်းကျန့်ကထမင်းစားမပျက်ဘဲအေးစက်တဲ့လေသံနဲ့
"ဒါကဘယ်ကိုလဲကျိုးချန်!အခုချက်ချင်းပြန်ထိုင်လိုက်!"
ရှောင်းကျန့်ရဲ့တားမြစ်သံဆုံးတော့ကျိုးချန်ကမကျေမနပ်မျက်နှာထားနဲ့
"ဘာလို့လဲ! ငါ့ဘာသာရိပေါ်ကိုထမင်းစားဖို့သွားခေါ်မလို့လေ!မင်းနဲ့ဘာဆိုင်လို့တားနေတာလဲ?"
ကျိုးချန်ရဲ့စိတ်တိုနေတဲ့စကားသံကိုရှောင်းကျန့်ကတစ်ချက်ကလေးတောင်အရေးမစိုက်ဟန်နဲ့
"ခေါ်စရာမလိုဘူး။သူ့ဘာသာဗိုက်ဆာတဲ့အချိန်ကျရင် ဆင်းလာပြီးစားလိမ့်မယ်။မင်းစားစရာရှိတဲ့ညစာကိုသာငြိမ်ငြိမ်ထိုင်ပြီးစား!"
ရှောင်းကျန့်အမိန့်ပေးလည်းကျိုးချန်ကလက်မခံချင်တဲ့ပုံစံနဲ့
"ဟင့်အင်း! ငါရိပေါ်ကိုသွားကြည့်မှဖြစ်မယ်။သူနေမကောင်းဖြစ်နေလို့ဆင်းမလာတာဆိုရင်လည်းငါသူ့ကိုသင့်တော်တဲ့ဆေးon ပေးရမယ်လေ။ငါမြန်မြန် လေးသူ့ရဲ့အခြေအနေကိုကြည့်ပြီးတာနဲ့ပြန်ဆင်းလာခဲ့မယ်လေနော်"
ကျိုးချန်ကစကားဆုံးတာနဲ့ထမင်းစားခန်းထဲကနေအမြန်ထထွက်သွားဖို့ပြင်နေတာမို့ရှောင်းကျန့်ကသူ့ဘေးမှာချထားတဲ့ဖန်ခွက်ကိုကြမ်းပြင်ပေါ်ကိုအရှိန် ပြင်းပြင်းနဲ့ပေါက်ခဲွလိုက်ပြီး
"မင်းကိုငါကမသွားနဲ့ဆိုရင်မင်းရပ်လိုက်ကျိုးချန်!ငါ့ကိုလူသတ်ချင်တဲ့စိတ်ပေါက်အောင်လာမဆွနဲ့နော်"
ကြမ်းတမ်းလွန်းတဲ့ရှောင်းကျန့်ရဲ့အမူအယာကြောင့် ကျိုးချန်အပေါ်ထပ်ကိုဦးတည်နေတဲ့ခြေလှမ်းတွေက ရပ်သွားပေမယ့်ရှောင်းကျန့်ကိုသူလည်းစိတ်တိုတာမို့လို့
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
Roman d'amourHate has a lot of reasons but love has no reason.