Unicode Version
ဒီနေ့ ရိပေါ် အလုပ်တွေအကုန် လက်စသတ်လို့ ပြီးတာနဲ့ ပါးတို့ဆီမသွားဘဲ အိမ်ကိုပဲ တန်းပြန်လာခဲ့လိုက်တယ်။အရင်နေ့တွေကကျ ပါးတို့နဲ့ညစာ အတူစားပြီးမှ ပြန်လာတတ်တာမို့ သူပြန်ရောက်ရောက်ချင်း အိမ်မှာမရှိတတ်တဲ့ ရိပေါ်ကို Daddyက သိပ်တော့သဘောမတွေ့ပေမယ့် နှုတ်ကနေအထိတော့ ထုတ်ပြီး မပြောရှာတာမို့ ဒီနေ့တော့ ရိပေါ်က အလိုက်သိတဲ့အနေနဲ့ သူ့ထက်စောအောင် ပြန်လာခဲ့ခြင်းပင်။
ခဏတဖြုတ် အနားယူပြီးတာနဲ့ ရေချိုး အဝတ်အစား လဲလိုက်ပြီး Daddyပြန်အလာကိုစောင့်ရင်း Laptopဖွင့်ကာ မပြီးပြတ်သေးတဲ့ အလုပ်အချို့ကို ဆက်လုပ်နေတဲ့အချိန်မှာပဲ ဖုန်းRingtoneသံကြောင့် Contact Nameကိုကြည့်လိုက် တော့ Daddyဖြစ်နေတာမို့
"အွင်း! ပြန်လာနေပြီလား?"
"ကိုယ်အခု Dinnerတစ်ခု ဆက်သွားဖို့ရှိလို့! မင်းရော အခုထိဝမ်အိမ်တော်မှာပဲ ရှိနေတုန်းပဲ မှတ်လား?"
"အာ! ကျွန်တော်ဒီနေ့ ပါးတို့အိမ်ဘက်မသွားဘူး။ အလုပ်ပြီးတာနဲ့ အိမ်ကိုပဲ တန်းပြန်လာခဲ့တာ!"
"ဟာ! အဲ့ဒါဘာလို့ ကိုယ့်ကို လှမ်းမပြောရတာလဲ? မင်းသာ ကြိုပြောရင် ကိုယ်ဒီDinnerကို တက်ဖို့ ဘယ်လက်ခံပါ့မလဲ?"
Daddyလေသံက စိတ်ညစ်တာနဲ့အတူ အပြစ်တင်သံပါ ရောစွက်နေတာမို့ ရိပေါ် လေပြေလေးနဲ့ပဲ
"ဪ! ကျွန်တော်က Daddyခါတိုင်းလို စောမယ်ထင်ပြီး မပြောဘဲ နေမိတာပါဗျာ! အခုလည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော် လက်ကျန်အလုပ်တချို့ ဖြတ်ရင်း စောင့်နေမှာမို့ အေးဆေးမှပြန်လာနော်။ ဒါနဲ့ ဟိုတစ်ခေါက်ကလို အရက်တွေတော့ အရမ်းကြီး သောက်မလာခဲ့နဲ့ဦး! အဲ့လိုဆို Daddyက အရမ်းထိန်းရခက်တာမို့! နားထောင်နေလား? ကျွန်တော်ပြောတာတွေကို!"
ရိပေါ် ကိုယ်ကသာ အားကြီးနဲ့ ဆက်တိုက်ပြောနေပေမယ့် တစ်ဖက်လူကကျ အင်းမလုပ် အဲမလုပ်နဲ့ ငြိမ်နေပြန်တာမို့ အဆုံးသတ်မှာ ဆူဆောင့်ပြီး ပြောလိုက်တော့ကျ တစ်ချိန်လုံးငြိမ်ပြီး နားထောင်နေတဲ့ ဘဲကြီးဆီက
"အကုန်ကြားတယ်! မင်းပြောချင်တာ ဒါပဲမှတ်လား? ဖုန်းချလိုက်တော့မယ်။"
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.