Episode - 19

4.9K 414 43
                                    

Unicode Version

ရိပေါ်ဆိုင်ကယ်မှောက်ပြီးသတိမေ့သွားတာကိုမြင်ပေ မယ့်သူနဲ့အတူပြိုင်မောင်းခဲ့တဲ့ခပ်ဆိုးဆိုးကျောင်းသားတွေကတော့မထူးဆန်းသလိုပဲရပ်ကြည့်နေကြပြီးခဏကြာတော့အကုန်လုံးကကိုယ်နဲ့မဆိုင်သလိုပဲအနိုင်ရသွားတဲ့ခေါင်းဆောင်ဖြစ်သူနောက်ကိုအောင်ပဲွခံဖို့အသီးသီးလိုက်သွားလိုက်ကြတယ်။

အဲ့အထဲကမှစိတ်ကောင်းရှိတဲ့ပုံပေါ်တဲ့တစ်ယောက်ကဒဏ်ရာရပြီးသတိမရှိတော့တဲ့ရိပေါ်ကိုတခြားသူတွေလိုမသိချင်ယောင်ဆောင်မနေနိုင်တာမို့ဆေးရုံကားခေါ်ပေးပြီးမြေပြင်ပေါ်မှာပစ်လဲကျနေတဲ့ရိပေါ်ဘေး မှာအဖော်အဖြစ်နဲ့ရပ်စောင့်ပေးကာဆေးရုံကားပေါ်ရိပေါ်ကိုတင်ပေးပြီးကာမှတာဝန်ကျေသွားဟန်နဲ့သူ့ဆိုင် ကယ်သူစက်နိှုးပြီးအပေါင်းအသင်းတွေနောက်ကိုလို က်မယ်အလုပ်မှာသက်လတ်ပိုင်းအရွယ်လူတစ်ယော က်ကဆိုင်ကယ်မောင်းကာသူ့အနားကိုအမောတကောနဲ့ရောက်ချလာပြီးခပ်လောလောလေသံနဲ့

"ဒီ..ဒီမှာညီလေး! ဒီဆိုင်ကယ်က accident ဖြစ်တဲ့ကောင်လေးရဲ့ဆိုင်ကယ်လား?"

"ဟုတ်ပါတယ်!သူ့ကိုအခုပဲဆေးရုံကားကလာခေါ်သွားပြီ!အကိုကသူ့အိမ်ကလား?သူ့အိမ်ကဆိုဒီဆိုင်ကယ် ပါယူသွားပြီးမြို့လယ်ခေါင်ကနန်ကျင်းဆေးရုံကိုလိုက် သွားလိုက်ပါ။"

ကောင်လေးရဲ့အဖြေကိုကြားတော့ရိပေါ်ဆိုင်ကယ်မှ န်းသိပေမယ့်သေချာအောင်ထပ်မေးမိတဲ့ရှောင်မင်တစ် ယောက်ခေါင်းနပန်းကြီးသွားပြီးကာမှစိတ်ထိန်းကာကျေးဇူးတင်စကားဆိုရင်း

"ဆေးရုံကားခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သူအများကြီးတော့ထိခိုက်မသွားဘူးမှတ်လား?"

ထပ်မေးလိုက်တဲ့ရှောင်မင်ရဲ့အပြောကိုကောင်လေးကဟဲမက်ဝတ်နေရင်းကနေ

"အင်း!အဲ့လိုတော့ထင်ရတာပါပဲ!ဟဲမက်ကိုဖြုတ်မကြ ည့်မိလို့ကျွန်တော်လည်းသေချာမပြောတတ်ဘူးဗျ!သူ့ခေါင်းကတော့ဟိုဘက်မှာထောင်ထားတဲ့ဆိုင်းဘုတ်နဲ့ခပ်ပြင်းပြင်းဝင်တိုက်လိုက်တာတော့တွေ့မိသလိုပဲ!အသေးစိတ်ကိုတော့ဆရာဝန်ပဲသိပါလိမ့်မယ်။"

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now