Unicode Version
ရှောင်းကျန့်နဲ့ရိပေါ်တို့နှစ်ယောက် ကလေးနှစ်ယောက်ကို လုံးလည်ချာလည်လိုက်ရင်း ထိန်းလာလိုက်ကြတာ အခုဆို သားတွေက ၈လကျော်သွားကြပြီမို့ ကောင်းကောင်းပင် ငုတ်တုတ်ထိုင်တတ်နေကြပြီ။
သူ့Daddyရှောင်းကို တအားခင်တွယ်တဲ့ရန်အာက တစ်နေ့တစ်နေ့ ညနေပိုင်းရောက်ပြီဆိုတာနဲ့ သူ့ Daddyပြန် အလာကို အမြဲလိုမျှော်နေတတ်ပြီး ရှောင်းကျန့်တွေ့တာနဲ့ အတင်းချီခိုင်းကာ သူ့Daddyကိုယ်ပေါ်ရောက်တာနဲ့ စိတ်ကျေနပ်ပျော်မြူးပြီး ခိုးခိုးခစ်ခစ်ပင် ရယ်နေတတ်သေးသည်။
ထမင်းကျွေးတဲ့အချိန်တိုင်း ဖြောင့်ဖြောင့်မစားတဲ့ ရန်အာကို Daddyရှောင်းက ကိုယ်တိုင်ကိုယ်ကျ ခွံ့မကျွေးသော်ငြားလည်း သူ့သားငယ်ကို ထမင်းသေချာစားဖို့အရေး စိတ်ထဲကမပါသော်လည်း ခြောက်တဲ့အနေနဲ့ လှမ်းမာန်မဲတတ်တယ်။
တစ်ချိန်လုံး အဆော့မက်ကာ သေချာမစားတဲ့ရန်အာတစ်ယောက် သူ့Daddyဟောက်တဲ့အသံကြားမှ ကြောက်ပုံတော့မပြပေမယ့် ကျွေးတဲ့ထမင်းကို ဆော့တာခဏရပ်ပြီး လာစားတော့တယ်။ တကယ်တော့ ရန်အာက တစ်အိမ်လုံး ဘယ်လူကြီးကိုမှမကြောက်။ သူ့Daddyကိုလည်းမကြောက်။ ပါးပါးဝမ်ဆို ပိုလို့ပင်မကြောက်ပေ။ ရိပေါ်က စိတ်ဆိုးတဲ့အချိန် ကြိမ်းဝါးပြီး ခြိမ်းခြောက်တတ်ရုံကလွဲလို့ သားတွေကို တကယ်မရိုက်ရက်။ တော်ရုံဆို မျက်နှာတစ်ချက်မပျက်အောင် အလိုလိုက်တတ်သူမို့ အနည်းငယ်တည်တဲ့ Daddyရှောင်းကိုသာ ကလေးတွေက ရှိန်သလိုရှိကြတာ။
ယွဲ့အာကတော့ ထွေထူးပြီး ဆုံးမစရာမလိုလောက်အောင် လိမ်မာလွန်းတဲ့ လူအေးလေးပင်။ စကားလည်း သိပ်မပြောသလို လူကြီးတွေကိုလည်း ဒီနေ့ဒီအချိန်အထိ ဘာတစ်ခုမှ ဂျစ်တိုက်ပူဆာခြင်းအလျင်းမရှိ။ သူတစ်ယောက်တည်းဆို သိပ်မဆော့ပေမယ့် သူ့ညီလေး လက်လက်ထရင်တော့ဖြင့် အဖော်ရအောင် လိုက်ဆော့ပေးတတ်သည်။ သို့ပေမယ့် သူ့ညီငိုရင်တော့ဖြင့် ယွဲ့အာတို့ ငြိမ်ငြိမ်မနေနိုင်တော့။ ဘာအကြောင်းကြောင့်ပဲငိုငို ညီလေးငိုတာမြင်တာနဲ့ ချက်ချင်း ရှိုက်ကြီးတငင်ငင် လိုက်ငိုတတ်သူမို့ ယွဲ့အာနဲ့ ပတ်သတ်ပြီး အထူးတလည် သတိထားနေရတာဆိုလို့ သူ့ညီကို သူ့ရှေ့အငိုမခံရဲတာ တစ်ခုပင်။
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
Roman d'amourHate has a lot of reasons but love has no reason.