Unicode Version
ရိပေါ် သူ့ကိုယ်လုံးကို လက်နှစ်ဖက်နဲ့ ဖမ်းထိန်းပေးထားရင်း အသေအချာကြီး စိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကို သူကိုယ်တိုင်လည်း သတိလက်လွတ်နဲ့ ပြန်ငေးနေမိတယ်။ ပြောရမယ်ဆိုရင် သူတို့နှစ်ယောက်က တစ်အိမ်တည်းမှာ အတူရှိပေမယ့်လို့ မျက်နှာချင်းမဆိုင်ဖြစ်တာကတော့ အတော်ကြာနေပြီမို့ ခုလို အခွင့်ကြုံလာတော့ကျ နှစ်ယောက်စလုံးက စိတ်ကူကိုယ်တူနဲ့ ကြည့်နေမိကြခြင်းပင်။
ထိုအနေအထားအတိုင်း အချိန်တစ်ခုကြာသွားတော့ကျ ရိပေါ်ကပဲ အရင်ဆုံး သတိပြန်ဝင်လာကာ ဖေးမပေးထားတဲ့ ရှောင်းကျန့်ရဲ့လက်တွေထဲကနေ ပြန်ရုန်းထွက်လိုက်ပြီး အခန်းအရှေ့မှာ ဘယ်သူမှ ရှိမနေမှန်း သိသိရက်နဲ့ပင် စိတ်နဲ့ကိုယ်မကပ်ဘဲ တံခါးကိုပြေးထုကာ ခပ်ကျယ်ကျယ်လေသံနဲ့
"ကျိုးချန်ကော! ပြောတော့ ကျွန်တော့်ကို Birthday Celebrate အတွက် ခဏလိုက်လာခဲ့ဆိုပြီး အခုကျ ဘာကိစ္စနဲ့ ဒီအိပ်ခန်းထဲမှာ ပိတ်ထားခဲ့တာလဲ? တံခါးပြန်ဖွင့်ပေး! "
အခုအချိန် ရိပေါ်ရဲ့ရင်ထဲ ရှောင်းကျန့်နဲ့ ထိတွေ့လိုက်ရလို့ စိတ်လှုပ်ရှားတာရယ် နောက်ပြီး ရှောင်းကျန့်ကသူ့ကို ကျိုးချန်ကောတို့ရဲ့ အကြံအစည်ကို သိသိရက်နဲ့ လိုက်လာတယ်လို့ ထင်သွားမှာကြောက်တဲ့ ရှက်ရွံ့စိတ်နဲ့အတူ အသည်းအသန် အော်ဟစ်မိတော့ကျ ရှောင်းကျန့်လည်း သူ့အပြုအမူကြောင့် သတိပြန်ဝင်ကာ ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက် ထိုင်နေရာကနေ သူ့စာကြည့်စားပွဲပေါ်က ဖုန်းကိုယူပြီး ကျိုးချန်ကောဆီ စပီကာဖွင့် ခေါ်ဆိုကာ တစ်ဖက်က ဖုန်းကိုင်ပြီဆိုတာနဲ့ ရှောင်းကျန့်က ခပ်မာမာလေသံနဲ့
"ဟေ့ကောင် ကျိုးချန်! ညကြီးမိုးချုပ် ဘာအရူးအလုပ်တွေ လျှောက်လုပ်နေတာလဲ? မြန်မြန်တံခါးပြန်ဖွင့်ပြီး ရိပေါ်ကို လာခေါ်ချည်! "
ရှောင်းကျန့်ဘက်က မာန်ပါပါနဲ့ ဟိန်းဟောက်နေပါသော်လည်း ကျိုးချန်ကောကတော့ တစ်စက်မှ မကြောက်သည့်အပြင် စပ်ဖြဲဖြဲလေသံနဲ့
"ဘာလို့လဲ! ငါက မွေးနေ့လုပ်ရတာရော ကိတ်ခွဲရတာပါ မကြိုက်တဲ့ မင်းအတွက် စိတ်တိုင်းကျလောက်မယ့် လက်ဆောင်မျိုး ပြင်ဆင်ပေးလိုက်တဲ့ဟာကို! အခုသိပြီမှတ်လား? ဒီတလောကလုံးမှာ မင်းကိုနားလည်နိုင်တဲ့ အဖိုးတန် သူငယ်ချင်းက ငါတစ်ယောက်တည်း ရှိတယ်ဆိုတာ! ဟဲဟဲ! အဲ့အတွက်ငါ့ကို တကူးတကကြီးလည်း ကျေးဇူးတင်စရာမလိုပါဘူး! ဟီး! "
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.