Unicode Version
ဒီမနက်ကျရိပေါ်လည်းမျက်လုံးဖွင့်ကြည့်လိုက်ရောအိပ်ယာပေါ်မှာငုတ်တုတ်ထိုင်ကာကြိုနိုးနေပုံရတဲ့Daddyကြောင့်လှဲနေရာကနေခပ်သွက်သွက်ထပြီးကိုယ့်ကိုယ်ကိုအရင်သန့်ရေးလုပ်ပြီးတာနဲ့Daddy ကိုပါကိုယ်လက်သန့်စင်ပေးကာအဲ့နောက်မှာမနက်စာခွံ့ကျွေးနေလိုက်တယ်။
Daddyကရိပေါ်လုပ်ပေးသမျှကိုတစ်ခွန်းမှစောဒကမတက်ပေမယ့်လို့သိပ်တော့လည်းစိတ်ကြည်နေပုံမရဘဲဒီအတိုင်းရိပေါ် ခွံ့ကျွေးတာကိုငြိမ်ငြိမ်လေးစားရင်းတံခါးဝကိုသာတကြည့်ကြည့်လုပ်နေလေရဲ့။
မနက်ပိုင်းRound လှည့်ချိန်ကျဟိုက်ခွမ်းကောကပုံမှန်အတို င်းDaddyကိုလိုအပ်တာလာစစ်ပေးရင်းနှုတ်ကနေလည်း
"ဘယ်လိုလဲဗျ!နေသာရဲ့လား?ကိုက်တာခဲတာဘာညာရှိသေးလား?"
ဟိုက်ခွမ်းကောမေးတော့မှDaddy ကချောင်းတစ်ချက်ဟန့် ကာ
"အဟမ်း! ဒဏ်ရာနဲ့ပတ်သတ်ပြီးကနေရတာအဆင်ပြေပေမယ့်တခြားအဆင်မပြေတာတစ်ခုတော့ရှိတယ်။"
"ဟုတ်ကဲ့!ဘာများလဲမသိဘူး!"
အဲ့အချိန်မှာပဲကျိုးချန်ကောကလည်းစားစရာနဲ့အခြားအသုံးဆောင်အထုပ်လေးတွေကိုပလုံစီအောင်သယ်ကာအခန်းထဲဝင်လာရင်း
"ဪ!ဆရာဝန်Round လှည့်တဲ့အချိန်တောင်ရောက်နေပြီပဲ!ဒီမှာရှောင်းအိမ်တော်ကရှောင်းကျန့်နဲ့လူနာစောင့်တွေအတွက်စားစရာအချို့ထည့်ပေးလိုက်တာမို့မနက်စာမစားရသေးရင် တစ်ခါတည်းစားသွားပါ့လားဗျာ!"
Daddy ကသူစကားပြောခါနီးမှာကျိုးချန်ကောကဖြတ်ပြောလိုက်တာမို့မကျေမနပ်နဲ့စိုက်ကြည့်ရင်းကနေခပ်မာမာလေသံနဲ့
"ဒီကုတင်ကအရမ်းသေးလို့အိပ်ရတာအဆင်မပြေဘူး။အဲ့ဒါကျွန်တော့်ကိုKing Size အနေအထားရှိတဲ့ကုတင်မျိုးနဲ့ဒီနေ့ပဲချက်ချင်းလဲပေးစေချင်ပါတယ်။"
Daddy ဆီကဘယ်လိုမှမထင်မှတ်ထားတဲ့စကားကြောင့်နားထောင်နေတဲ့သုံးယောက်စလုံးပါးစပ်အဟောင်းသားဖြစ်သွားရင်းကနေကျိုးချန်ကောကအရင်ဆုံးDaddy အနားကိုနီးသထက်နီးအောင်ကပ်လာပြီး
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.