Unicode Version
ရိပေါ်တစ်ယောက်ကျောင်းမှာသူငယ်ချင်းတွေရပြီးက တည်းကကျောင်းသွားဖို့ကိုအရင်နေ့တွေကထက်ပို တက်ကြွနေမိတယ်။ကျောင်းရောက်လို့သူငယ်ချင်းနှစ် ယောက်နဲ့ဟေးလားဝါးလားလုပ်ရတာကသူငယ်ချင်းမရှိခဲ့ဖူးတဲ့သူ့အတွက်တော့ပျော်စရာအလုပ်တစ်ခုပါပဲ။
ဒါပေမယ့်အဲ့လိုဆိုတိုင်းကိစ္စတိုင်းအကုန်လုံးအဆင် ပြေနေတာမျိုးလည်းမဟုတ်ပြန်ဘူး။ဒီနေ့ကျောင်းကအပြန်သူငယ်ချင်းတွေနဲ့ခဏလောက်Shopping Center ကိုလိုက်သွားမယ်အလုပ်သူ့လက်ထဲကဖုန်းမှာအမည်မသိခေါ်ဆိုသူဆိုတဲ့နာမည်နဲ့ဖုန်းဝင်လာပြီးသူကိုင်လိုက်တော့
"အကိုလေး! သခင်လေးကအကိုလေးကိုအတန်းပြီးတာနဲ့အိမ်ကိုတန်းပြန်ရမယ်လို့မှာထားပါတယ်။သူတို့နဲ့လိုက်သွားလို့မရပါဘူး။အဲ့ဒါကြောင့်စောင့်နေတဲ့ကားဆီကိုပဲပြန်သွားပေးပါခင်ဗျာ့"
ရိပေါ်စကားသံကိုနားထောင်နေရင်းနဲ့ပတ်ဝန်းကျင်ကိုမသိမသာအကဲခတ်ကြည့်တော့သူနဲ့မလှမ်းမကမ်းမှာ mark အနက်ရောင်တပ်ထားကာဦးထုပ်ကိုခပ်ငိုက် ငိုက်ဆောင်းပြီးဖုန်းပြောနေတဲ့လူတစ်ယောက်ကိုရှာတွေ့သွားတယ်။
ရိပေါ်လည်းလွယ်လွယ်အလျော့မပေးချင်တာနဲ့စောတကတက်တဲ့အနေနဲ့
"ကျွန်တော်လိုအပ်တဲ့ပစ္စည်းရှိလို့လိုက်ဝယ်မလို့လေ။မကျေနပ်ရင်ခင်ဗျားပါအဲ့နေရာအထိလိုက်ခဲ့လိုက် ပေါ့!မရဘူးလား?"
ရိပေါ်ရဲ့အမေးကိုတစ်ဖက်လူကတောင်းပန်တိုးလျှိုးတဲ့လေသံနဲ့
"တကယ်မရလို့ပါ အကိုလေး!။အကိုလေးအဲ့ဒီကိုလိုက် သွားရင်သခင်လေးကကျွန်တော့်ကိုအပြစ်ပေးမှာပါ။အကိုလေးအရမ်းသွားချင်တယ်ဆိုရင်သခင်လေးဆီမှာအရင်ခွင့်တောင်းလိုက်ပါ။သခင်လေးဆီကခွင့်ပြုချက် ရရင်ကျွန်တော်လည်းအကိုလေးကိုမတားဝံ့ပါဘူး။"
တစ်ဖက်ကစကားသံဆုံးတာနဲ့ရိပေါ်ဆက်ပြောချင် စိတ်မရှိတော့လို့ဖုန်းကိုတိခနဲချပစ်လိုက်တယ်။ပြီးမှဆိုင်ကယ်ကိုယ်စီနဲ့သွားဖို့ပြင်နေတဲ့သူငယ်ချင်း၂ ယောက်ရှိတဲ့ဘက်ကိုမျက်နှာမူလိုက်ပြီး
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomansaHate has a lot of reasons but love has no reason.