Unicode Version
ယွီပင်းတစ်ယောက်အလုပ်ရှင်သူဌေးကရာထူးကသာ PA ဆိုပေမယ့်လစာကျတစ်ပဲခြောက်ပြားပဲပေးပြီးအ လုပ်တွေကြကိုယ်ပိုင်အချိန်ပါမချန်အသားကုန်ခိုင်းလွန်းလို့အမြင်ကတ်ကတ်နဲ့အလုပ်ထွက်ပြီးထိုင်စားနေတာအခုနဲ့ဆို၆လလောက်တောင်ရှိနေပြီ။
အခုကြဒီအတိုင်းဆက်နေရင်ခွက်ဆဲွရတော့မယ့်အ လားအလာရှိတာကိုမြင်ယောင်လာတာမို့အလုပ်က လေးဘာလေးလုပ်ဦးမှပါလို့တွေးမိရင်းကနေတိုက်တို က်ဆိုင်ဆိုင်ဆိုသလိုပဲ။သူ့တိုက်ခန်းရဲ့မျက်နှာချင်းဆိုင် မှာနေတဲ့ကောင်မလေးကသူနဲ့သိပ်အခင်ကြီးမဟုတ် ပေမယ့်မနေ့ကကိုယ်ကလည်းညနေစာအတွက်ဝယ်စ ရာရှိတာဝယ်ပြီးပြန်အလာသူမကလည်းရုံးဆင်းလို့အိမ်ပြန်တာနဲ့တည့်တည့်တိုးပြီးနည်းနည်းပါးပါးပြော ဆိုရင်းကနေကောင်မလေးကသူ့သူဌေးကသွက်လက် တဲ့PA တစ်ယောက်အမြန်ဆုံးလိုချင်နေလို့အဲ့ဒါစိတ် များဝင်စားမလားဆိုပြီးမေးလာတော့ယွီပင်းတို့လည်းဘာပြောကောင်းမလဲ!ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပဲစိတ်ဝင်စားကြောင်းပြောလိုက်တာနဲ့သူ့ကိုဒီနေ့မနက်ပဲအားချင်းအင်တာဗျူးဖို့ဆိုပြီးသူအလုပ်လုပ်တဲ့ Company ကိုခေါ်လာလေရဲ့။
အင်တာဗျူးဖြေဖို့ထိုင်စောင့်နေတဲ့ယွီပင်းတစ်ယောက်
ဒီတစ်ခေါက်တော့ကိုယ့်ကိုယ်ကိုယ်အရမ်းတွေယုံကြ ည်ချက်တွေရှိနေတယ်။၅နှစ်လောက်နီးပါးရှိခဲ့တဲ့ကိုယ့် ရဲ့ PA လုပ်သက်ကနောက်စရာမှမဟုတ်တာ။အလုပ် နဲ့ပတ်သတ်ပြီးကြိုက်တဲ့မေးခွန်းကိုသာမေးလိုက်!မျက် တောင်တစ်ချက်မခတ်ဘဲဖြေပြလိုက်မယ်။ဟွင်းဟွင်း!ထပ်ပြောရမယ်ဆိုရင်ကိုယ်တွေကသူများတွေလိုရူပါ ပိုင်းမှာလည်းချူချာမနေဘူးလေ။ဒီနေ့လည်းအရည် အချင်းရှိရဲ့သားနဲ့ရုပ်ရည်ကြောင့်အငြင်းခံရမှာကိုစိုးရိမ်လို့နဂိုကတည်းကချောပြီးသားကိုမှတမင်မင်းသားရှုံးလောက်အောင်ကိုပြင်ဆင်လာခဲ့တာ။သူဌေးကိုအလုပ်ခန့်ချင်အောင်လို့ရုပ်ရည်နဲ့မြူစွယ်ဖို့လေအဟဲ!
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.