Episode - 21

4.8K 391 30
                                    

Unicode Version

ရိပေါ်တို့မိသားစုတွေပေကျင်းကစံအိမ်ကိုလည်းပြန် ရောက်ရောမိုးစင်စင်လင်းနေပြီမို့မနက်စာအရင်စားလိုက်ကြပြီးခဏကြာတော့ရိပေါ်ရောမာမားပါကိုယ် သောက်ရမယ့်ဆေးကိုကိုယ်စီသောက်လိုက်ကြပြီးပါ ပါးနဲ့မာမားရဲ့အိပ်ခန်းထဲမှာပဲရိပေါ်တို့မိသားစုလိုက် အတူအိပ်စက်လိုက်ကြတယ်။

နေ့လည်၂နာရီလောက်ကျရိပေါ်အိပ်ရေးဝပြီးအိပ်ယာကနေနိုးလာတော့ဘေးမှာပါပါးရောမာမားပါမရှိတာမို့ဧည့်ခန်းရှိတဲ့ဘက်ကိုလျှောက်လာခဲ့လိုက်တော့အလု ပ်သမားအချို့ကိုကြီးကြပ်နေတဲ့ပါပါးကိုမြင်ပြီးအနားကိုသွားလိုက်ရင်း

"ပါပါး!လူတွေလည်းအများကြီးနဲ့ဘာတွေအလုပ်ရှုပ် နေတာလဲဟင်!"

သူ့အာရုံနဲ့သူအလုပ်ရှုပ်နေတဲ့ပါပါးကိုရိပေါ်ရဲ့အသံကိုကြားမှအနားရောက်လာမှန်းသတိထားမိသွားပြီး

"ဪ!သားတောင်နိုးလာပြီပဲ!အိပ်ရေးရောဝရဲ့လားကွ!ပါပါးတို့ဆူညံနေလို့နိုးသွားတာလား?"

ပါပါးရဲ့စိုးရိမ်နေတဲ့လေသံနဲ့အမေးကြောင့်ရိပေါ်ချက် ချင်းပဲခေါင်းခါပြလိုက်ပြီး

"အဲ့လိုမဟုတ်ပါဘူး။သားဘာသာဒီအတိုင်းအိပ်ရေးဝလို့နိုးလာတာပါ။ဒါနဲ့ပါပါးသူတို့ဝင်ထွက်နေကြတာသားအိပ်ခန်းမှတ်လားဟင်?"

ရိပေါ်ရဲ့အမေးကိုပါပါးကအသာအယာနဲ့ခေါင်းငြိမ့်ပြရင်းကနေကြင်နာမှုအပြည့်ပါတဲ့လေသံနဲ့

"ဟုတ်တယ်သားရဲ့!သားအတွက်ကုတင်အသစ်လဲပေးနေတာ!အရင်ကုတင်ကသားငယ်ငယ်တုန်းကအိပ်ခဲ့တဲ့ဟာဆိုတော့အခုပြန်အိပ်ဖို့ကျအရမ်းသေးနေလို့လေ!"

ပါပါးအဖြေကိုကြားတော့မှရိပေါ်အလုပ်သမားတွေခြေရှုပ်နေရတဲ့အကြောင်းအရင်းကိုသဘောပေါက်သွားတဲ့လေသံနဲ့

"အာ!!!ဟုတ်ကဲ့ပါပါး!ဒါနဲ့မာမားရောဟင်!"

ရိပေါ်ရဲ့အမေးကြောင့်ပါပါးကမချိုမချဉ်မျက်နှာဘေးနဲ့မီးဖိုချောင်ဘက်ကိုမေးဆတ်ပြကာ

"အံမလေး!မင်းမာမားကမင်းနိုးလာရင်စားဖို့အတွက် သူကိုယ်တိုင်ချက်ပြုတ်နေလေရဲ့!ပင်ပန်းမှာစိုးလို့တားတာလည်းနားမထောင်ဘူးသားရေ!"

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now