Episode - 50

3.8K 326 146
                                    

Unicode Version

ဒီရက်ပိုင်းတွေမှာ Daddyနဲ့ရိပေါ်က အရင်ကလောက် ပူးကပ်ပြီး မချွဲဖြစ်ကြပေမယ့် စိတ်ဆိုးပြီး မခေါ်မပြောတာမျိုးလည်း မရှိတာမို့ အခြေအနေက ကောင်းတယ်ပဲ ဆိုပါတော့။

ရိပေါ် ပါးနဲ့မားကို ကလေးမွေးဖို့အကြောင်း တိုင်ပင်ကြည့်တော့ကျ အတိတ်၂ခါမေ့ဖူးကာ အခုအချိန်အထိလည်း ပြန်မမှတ်မိသေးတဲ့အပြင် ခေါင်းကိုလည်း အကြိမ်ကြိမ်ဒဏ်ရာရဖူးတာကြောင့် ရိပေါ်ကို စိုးရိမ်ကာ သဘောမတူကြောင်းပြောပြီး အသည်းအသန်တားကြတာမို့ ရိပေါ်မှာ လတ်တလောတော့ ကလေးယူချင်တဲ့ကိစ္စကို အားမတန်လို့ မာန်လျော့ထားရရှာတယ်။

ဟောက်ရွှမ်း၊ဖန်ရှင်းနဲ့ ယွီပင်းကောတို့ကလည်း Daddyနဲ့ပါးတို့နဲ့ သဘောထားချင်း တစ်ထပ်တည်းကျနေပြန်တာမို့ ရိပေါ်မှာ လောလောဆယ် လွတ်လွတ်လပ်လပ်တောင် ရင်မဖွင့်နိုင်တဲ့အဖြစ်ရယ်။ ကလေးကိစ္စကို စကားစလိုက်ပြီဆိုတာနဲ့ ချက်ချင်းလက်ငင်းကို လမ်းကြောင်းထလွှဲပစ်တဲ့ သကောင့်သားတွေကို ရိပေါ်စိတ်ဆိုးချင်နေပြီ။ တကတည်း ဒီတစ်ခါလောက်တော့ မှားမှားမှန်မှန် ငါ့ဘက်ကနေ Standကြပါဦးဟ! အခုငါ့ဘက်မှာ တစ်ယောက်မှ မရှိလို့ပါဆိုနေ။

ဒီနေ့လည်း ရိပေါ်စိတ်သိပ်မကြည်တာမို့ ရုံးဆင်းဆင်းချင်း အိမ်ကိုတန်းပြန်လာတော့ကျ အခုတလော အလုပ်များနေတဲ့ ဘိုးတော်က အိပ်ခန်းထဲက စာကြည့်စားပွဲခုံမှာ မိန့်မိန့်ကြီးထိုင်နေပြီး ရိပေါ်ဝင်လာတာလည်းမြင်ရော ထိုင်နေရာကနေ လက်နှစ်ဖက်ဆန့်တန်းပေးရင်း

"ဟော! အသဲတောင် ပြန်ရောက်လာပြီ! လာပါဦး ကိုယ့်ဆီ! "

သူ့အလိုကျ အနားလျှောက်သွားလိုက်ရင်း ပေါင်ပေါ်ကို ဝင်ထိုင်လိုက်တော့ကျ ခါးနေရာကနေ သိမ်းဖက်ကာ မေးဖျားနေရာကို အတင်းမော့နမ်းပြီး

"ဘာတွေအလိုမကျလို့ မျက်နှာလေးက ညှိုးနေရပြန်တာလဲကွာ? ပြောပါဦးကိုယ့်ကို! ဘာကို စိတ်တိုင်းမကျတာလဲ? "

သူမေးတော့ ရိပေါ်လည်း ဆူပုတ်ပုတ်မျက်နှာလေးနဲ့ မျက်လွှာချကာ တစ်ခွန်းချင်းစီကို ခပ်တိုးတိုးလေသံနဲ့

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now