Episode - 30

5.8K 422 24
                                    

Unicode Version

ရိပေါ်တို့အိမ်တော်ကိုရောက်တော့ခါတိုင်းသူ့ကိုအမြဲလိုက်ပြီးစောင့်ရှောက်ပေးနေကြဦးလေးကြီးကိုတွေ့တာနဲ့ အိမ်အခြေအနေကိုတိုးတိုးတိတ်တိတ်မေးကြည့် တော့မာမားကမနေ့ကတစ်ညလုံးဆက်တိုက်ငိုနေရာကနေခုနကရှောင်းဥက္ကဌဆီကဖုန်းဆက်တာကိုသိပြီးမှအနည်းငယ်စိတ်ထိန်းနိုင်သွားပြီးအခုတော့စိတ်ငြိမ် ဆေးတိုက်ထားကာအခန်းထဲမှာသိပ်ထားတယ်တဲ့။


ပါပါးကတော့ဖုန်းပြောပြီးကတည်းကဒေါသအကြီး အကျယ်ထွက်နေတာအခုအချိန်အထိကိုစိတ်ဆိုးမပြေသေးဘဲဧည့်ခန်းထဲမှာရိပေါ်အလာကိုမျှော်နေတယ်ဆိုလို့ရိပေါ်ပါပါးရှိတဲ့ဆီကိုတန်းလာခဲ့လိုက်တော့ပါပါးကဒေါသအရှိန်ကြောင့်မျက်နှာတစ်ခုလုံးရဲတွတ်နေရာကနေရိပေါ်ခေါင်းမှာစည်းထားတဲ့ပတ်တီးကိုလည်းမြင်ရောလှုပ်လှုပ်ရှားရှားဖြစ်ကာ


"သား!ဒါကဘယ်လိုဖြစ်ရတာလဲ?ဘယ်လောက်တော င်ထိခိုက်သွားလို့ပတ်တီးအထိတောင်စည်းထားရတာလဲကွာ!ဒါဟိုကောင့်လက်ချက်မှတ်လား?ပါပါးကိုအမှ န်အတိုင်းပြော!"

ပါပါးအပြောကြောင့်ရိပေါ်အနောက်ကိုတစ်ချက်လှည့် ကြည့်လိုက်တော့ထောင့်စွန်းကတစ်ယောက်ထိုင်ဆို ဖာပေါ်မှာဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့မျက်နှာဘေးနဲ့ခြေချိတ်ထိုင်နေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်မသိမ သာနဲ့သက်ပြင်းတစ်ချက်ချမိပြီးပါပါးဘက်ပြန်လှည့် ကာ

"သူလုပ်တာရယ်လို့လည်းမဟုတ်ပါဘူးပါပါးရယ်!သားဘာသာပြေးရင်းလွှားရင်းမတော်တဆကားနဲ့တိုက်မိပြီးနည်းနည်းပွန်းပဲ့သွားရုံပါ!"

ရိပေါ်ပြောလိုက်တော့ပါပါးကဒေါသတကြီးနဲ့

"မင်းအဲ့လိုပြေးလွှားရတာရောဘယ်သူ့ကြောင့်လဲ?ဒီ မှာရှောင်းကျန့်!မင်းငါ့သားမင်္ဂလာဆောင်တော့မှာကိုသိသိကြီးနဲ့ဘာကိစ္စကလေးကိုအလိုမတူဘဲခိုးပြေးရတာလဲ?မင်းကိုငါတရားစဲွမယ်!ထောင်ထဲရအောင်ထ ည့်ပြမယ်။"


ပါပါးရဲ့ဒေါသတကြီးနဲ့အပြောကိုရှောင်းကျန့်ဆိုတဲ့လူကမျက်နှာတစ်ချက်မပျက်ဘဲတင်းမာတဲ့လေသံနဲ့

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now