Unicode Version
မနက်ပိုင်းRound လှည့်တဲ့အချိန်ကျဟိုက်ခွမ်းကောရောက်လာတော့ရိပေါ်မနေ့တုန်းကလိုမတည်ငြိမ်နိုင် တော့ဘဲစိုးရိမ်စိတ်အပြည့်ပါတဲ့လေသံနဲ့
"ဟိုက်ခွမ်းကော! Daddy ကဘာလို့အခုထိသတိပြန်မရသေးတာလဲဟင်?ကောပြောတဲ့စိုးရိမ်စရာမရှိဘူးဆိုတာသေရောသေချာလို့လားဗျာ!ကျွန်တော့်ကိုလိမ်နေတာမှတ်လား?"
ဟိုက်ခွမ်းသူ့ကိုမကျေမနပ်နဲ့မေးခွန်းထုတ်နေတဲ့ရိပေါ် ကိုတစ်ချက်ကြည့်လိုက်တော့နှုတ်ကသာဇောကပ်ပြီးရန်စွာနေပေမယ့်လူပုံစံကကျမျက်လုံးတွေယောင်ကာ မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့အပြင်မျက်နှာတစ်ခုလုံးကလည်းအားနည်းကာဖြူဖတ်ဖြူလျော်ဖြစ်နေတာမို့
"မနေ့ကပဲကောပြောတယ်လေကွာ!ဘယ်အချိန်သတိ ရလာမလဲအတိအကျမပြောနိုင်ပါဘူးဆို!ဒါနဲ့မေးတာလည်းမေး!မင်းလည်းကိုယ့်ပုံစံကိုကိုယ်မှန်ထဲမှာတစ် ချက်လောက်ပြန်ကြည့်ဦး!လူနာထက်တောင်အခြေအ နေကပိုဆိုးနေသေးတယ်။ကြည့်လုပ်နော်!တော်ကြာမင်းယောက်ျားသတိပြန်ရလာတဲ့အခါမင်းကိုမြင်ပြီးပြန်မေ့လဲနေဦးမယ်။နည်းနည်းပါးပါးလည်းကိုယ့်ကို ယ်ကိုလူနဲ့သူနဲ့တူအောင်နေပါဦးကွ!"
ဟိုက်ခွမ်းနည်းနည်းပါးပါးပိုပြောလိုက်တော့ရိပေါ်ကစိုးရိမ်ဟန်အပြည့်နဲ့သူ့မျက်နှာသူပြန်စမ်းရင်းဘေးမှာရှိတဲ့မျက်မှန်နဲ့လူဘက်လှည့်ကာ
"ဟမ်!ကျိုးချန်ကော!ကျွန်တော်တကယ်ကြီးဟိုက်ခွမ်းကောပြောတဲ့အတိုင်းကြည့်ရဆိုးနေတာလားဟင်?"
ရိပေါ်မေးလိုက်တော့အဲ့လူကလည်းအူတူတူအတတနဲ့ရိပေါ်မျက်နှာကိုသေချာပြူးပြဲကြည့်ရင်းကနေ
"အာ!!ဟိုကောမျက်လုံးထဲမှာတော့ရိပေါ်လေးကအဲ့လောက်ကြီးလည်းကြည့်ရဆိုးမနေ...နေ.."
ကိုယ်ဆင်ထားတဲ့ဂွင်ကိုအပြတ်မခံနိုင်တာမို့အမှန်တွေပြောနေတဲ့ဟိုလူကြားအောင်ရင်ခေါင်းသံကြီးနဲ့
"အဟမ်း...ဟမ်း...ဟမ်း!အဟင်း!လည်ချောင်းတွေကလည်းယားလိုက်တာ!"
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.