Episode - 54

3.7K 342 165
                                    

Unicode Version

မျှော်လင့်ချက်အပြည့်နဲ့ ရှောင်းကျန့်ကလေးနှစ်ယောက်ကိုပိုက်ပြီး အိပ်ခန်းထဲ ဝင်လာခဲ့သော်လည်း ရိပေါ်ရဲ့ဆီးကြိုမှုက သူတွေးထင်ခဲ့တာထက်ပင် ပို၍ဆိုးဝါးနေသည်မို့ စိတ်အားလျော့ကာ ခေါင်းငိုက်စိုက်ကျရင်း ထိုကောင်လေးရဲ့မေးခွန်းအချို့ကို ချက်ချင်းပြန်ပြီး အဖြေမပေးမိတော့ကျ ရိပေါ်က သူဆွဲကိုင်ထားတဲ့ အင်္ကျီရဲ့ ရင်ဘတ်ကို သတိပေးသည့်ဟန်နဲ့ ခပ်တင်းတင်းပဲ ဆောင့်ဆွဲလှုပ်ယမ်းကာ ခုနကထက် ပိုကျယ်တဲ့လေသံမျိုးနဲ့

"ဖြေလေ ခင်ဗျား! ဘာလဲ? ဖောက်ပြန်တုန်းက ဖောက်ပြန်ခဲ့ပြီးတော့ အခုကျ မဖြေနိုင်တော့ဘူးလား? ခင်ဗျားတောင် လုပ်ရဲခဲ့သေးတာပဲ! ကျွန်တော်ကရော ခင်ဗျားလုပ်ခဲ့သမျှကို ဘာကိစ္စနဲ့ နားမထောင်ရဲရမှာလဲ? မြန်မြန်ပြော ရှောင်းကျန့်! ဒီကလေးတွေက ဘယ်ကောင်မနဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီး ရလာတဲ့ဟာတွေလဲ? အဟက်! ပြောတော့ကျ ဒီတလောကလုံးမှာ မင်းတစ်ယောက်ကလွဲပြီး တခြားသူတွေအကုန်လုံးကို ပတ်ပတ်သတ်သတ်လုပ်ဖို့ မသတီပါဘူးဆို! မထိချင်ရှာလို့ပဲ အခုကျ ခေါ်လာတဲ့ကလေးတွေက တစ်ယောက်တောင်မဟုတ်ဘူး။ နှစ်ယောက်တစ်ပြိုင်တည်းတဲ့ဗျာ! ကြားလို့တောင် ကောင်းကြသေးရဲ့လား အဟား! သုံးလေးယောက်တစ်ပြိုင်တည်း ထွက်မလာတာကိုပဲ ကျေးဇူးတင်ရမလိုတောင်ဖြစ်နေပြီ! "

ဒေါသတကြီးနဲ့ အော်ဟစ်ပေါက်ကွဲကာ မျက်ရည်တွေပိုးပိုးပေါက်ပေါက် စီးကျရင်း ငိုကြွေးနေတဲ့ ကောင်လေးကိုကြည့်ကာ ရှောင်းကျန့်ကိုယ်တိုင်ပါ သူ့ကလေးရဲ့ စွပ်စွဲချက်တွေကြောင့် ရင်ဘတ်တစ်ခုလုံး စူးအောင့်လာတာ မျက်ရည်တွေပါ ဝဲတက်လာတဲ့အထိပင်။

ရင်ဘတ်ထဲက နာကျင်မှုအစုံကို မသိကျေးကျွန်ပြုကာ သူ့ရင်ဘတ်နဲ့ လည်တိုင်အဆက်က တုန်ရီချင်နေတဲ့ ရိပေါ်ရဲ့ လက်အစုံကို ခပ်ဖွဖွအုပ်ကိုင်ပြီး စိတ်ကိုတင်းကာ မနည်းဖျစ်ညှစ်ပြီး ထွက်လာတဲ့ လေသံမျိုးနဲ့

" မဟုတ်ဘူးရိပေါ်! မင်းစွပ်စွဲသလိုမျိုး ကိုယ်တစ်ခုမှ မကျူးလွန်ခဲ့ပါဘူး။ တကယ်ပါ! ဒီကလေးနှစ်ယောက်က မင်းနဲ့ကိုယ်ရဲ့ Spermတွေနဲ့ ပေါင်းစပ်ပြီး အငှားကိုယ်ဝန်အကူအညီနဲ့ မွေးခဲ့တာတွေပါ။ ဒီနှစ်ယောက်ထဲက တစ်ယောက်က မင်းရဲ့သားပါကွာ! အရင်ဆုံး စိတ်ကိုအေးအေးထားပြီး ကိုယ်ရှင်းပြတာကို နားထောင်ပေးပါ ရိပေါ်ရယ်! ကိုယ်တောင်းပန်ပါတယ်။ "

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now