Episode - 37

6.5K 440 105
                                    

Unicode Version

ဒီနေ့မနက်ကျရိပေါ်ရောDaddyပါနှစ်ယောက်စလုံးအိပ်ယာကနေအတူထကာမျက်နှာသစ်သွားတိုက်တာကိုခါတိုင်းလိုကုတင်ပေါ်မှာမဟုတ်ဘဲရိပေါ်နဲ့အတူတူရေချိုးခန်းထဲအထိလိုက် လာပြီးတစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်လေရဲ့။နှစ်ယောက် သားကိုယ်လက်သန့်စင်ရင်းရေစက်တွေနဲ့စနောက်ကြည်စယ် ကာအဲ့နောက်မှာတော့Daddyကရိပေါ်ကိုMorning Kiss တဝကြီးပေးပြန်တာမို့အချိန်အတော်ကြီးကြာမှသာနှစ်ယောက်စလုံးလူနာကုတင်ဆီကိုပြန်ရောက်ဖြစ်ကြတော့တယ်။

ရိပေါ်DaddyကိုBreakfast ကျွေးဖို့လုပ်တော့အကဲပိုလွန်းတဲ့ Daddyကရိပေါ်ကိုသူ့ပေါင်ပေါ်အတင်းထိုင်စေကာသူကတစ် ဖန်စားလက်စပန်းကန်ထဲကနေရိပေါ်ကိုပါပြန်ခွံ့ကျွေးနေတာမို့ရိပေါ်သူ့ကိုယ်ပေါ်ကလျောဆင်းရင်း

"ကဲ!လူမြင်လို့လည်းမကောင်းပါဘူးဗျာ!ကျွန်တော့်ဘာသာယူစားပါ့မယ်။Daddyလည်းခွံ့ပေးစရာမလိုရင်ကိုယ်တိုင်ခပ်စားလေနော်။အတူတူစားကြမယ်ဟုတ်ပြီလား?"

ရိပေါ်အတင်းအိပ်ယာပေါ်ပြန်ဆင်းတော့Daddyကခွံ့ကျွေးလက်စပန်းကန်ကိုစားပွဲပေါ်အရှိန်ပြင်းပြင်းဆောင့်ချကာဒေါသထွက်နေတဲ့လေသံမျိုးနဲ့

"ဝမ်ရိပေါ်!မင်းဘာဖြစ်နေတာလဲ?ကိုယ့်ပေါင်ပေါ်ထိုင်ဖို့အရေးကိုအဲ့လောက်တောင်ဝန်လေးနေတာလား?တစ်ခုခုဆိုလူမြင်မ ကောင်းတာတွေမသင့်တော်တာတွေပဲလာပြောနေတယ်။ကိုယ်ကအခုမင်းကိုတရားဝင်ယူထားတာလေ!ဘာကိုထပ်ပြီးဂရုစိုက်နေရဦးမှာလဲ?"

စကားဆုံးတာနဲ့တစ်ဖက်ကိုမျက်နှာလှည့်သွားတဲ့Daddy ကြောင့်ရိပေါ်ကြောင်ပေါက်လေးလိုDaddyကိုယ်ပေါ်တရွေ့ရွေ့ပြန်တက်ရင်းDaddyမျက်နှာကိုသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လက်နှစ်ဖက်စလုံးနဲ့နူးနူးညံ့ညံ့ဆွဲကိုင်လိုက်တော့ Daddyမျက်နှာကဒေါသကြောင့်အကြည့်တွေခက်ထန်နေကာမျက်ခုံးတွေကပါတွန့်ကျိုးနေတာမို့ရိပေါ်မျက်ခုံးနှစ်ခုရဲ့ကြားနေရာကိုလက်နဲ့အသာအယာဖိနှိပ်ပေးရင်းခပ်တိုးတိုးလေသံနဲ့

"Daddy ကလည်းဗျာ!စိတ်ကလည်းကြီးလိုက်တာ!ကျွန်တော် ကDaddyပေါ်မထိုင်ချင်ဘဲရှိပါ့မလား?ဒီအတိုင်းခဏနေကျိုးချန်ကောနဲ့Dr.ဟိုက်ခွမ်းတို့လာတော့မှာမို့လေ!ကျွန်တော့်စိတ် ကိုအဲ့လောက်တောင်မသိဘူးလား?"

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now