Unicode Version
ရိပေါ်ညဘက်Business Dinner တစ်ခုကနေအိမ်ကိုအပြန်လမ်းမှာသူမောင်းလာတဲ့ကားကရုတ်တရတ် ကြီးထိုးရပ်သွားတာမို့အောက်ကိုဆင်းပြီးကားဘောနက်အဖုံးကိုဖွင့်ကြည့်မယ်အလုပ်မှာသူ့အနောက်ကနေမောင်းလာတဲ့ကားကထိုးရပ်သွားပြီးကားပေါ်ကနေဝတ်စုံအနက်နဲ့လူဆယ်ယောက်နီးပါးပြေးဆင်းလာတာမြင်တော့ဘာကိုမှစဉ်းစားမနေဘဲအရင်ဆုံးလက် ရှိနေရာကအမြန်ဆုံးသူထွက်ပြေးလိုက်တယ်။
ပါပါးကရိပေါ်ကိုငယ်ငယ်ကတည်းကအမြဲတမ်းမှာ ထားတာတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ရိပေါ်ကရဲမှူးချုပ်ကြီးရဲ့သားဖြစ်တာကြောင့်အန္တရာယ်ပေးချင် နေတဲ့သူများတာမို့မသင်္ကာစရာတွေ့ရင်လွတ်အောင် သာအရင်ထွက်ပြေးဖို့မှာထားတာပဲ။
ရိပေါ်အခုသူ့ပါပါးရဲ့ဆုံးမစကားအတိုင်းပြေးနေပေမယ့်လွတ်မလွတ်တော့သူကိုယ်တိုင်လည်းသေချာမသိသေးဘူး။ပြေးရင်းနဲ့လမ်းဆုံတစ်ခုကိုရောက်တော့ရိပေါ်အနောက်ကိုတစ်ချက်လှည့်ကြည့်မိတာလိုက်လာတဲ့လူတွေကသူ့ကိုမှီခါနီးအနေအထားဖြစ်နေတာကြောင့်အရှေ့ကိုပြန်မကြည့်ဘဲမီးပွိုင့်ကိုဖြတ်အပြေးမှာလမ်းတစ်ဖက်ကကွေ့လာတဲ့ကားနဲ့ဝင်ဆောင့်မိပြီးသူ့ကမ္ဘာကြီးအမှောင်ကျသွားရတော့တယ်။
မွှေးပျံ့တဲ့အနံ့တစ်ချို့ကြောင့်ခေါင်းထဲမူးနောက်နေရင်းကနေရိပေါ်သတိပြန်ဝင်လာပြီးသူရောက်နေတဲ့နေရာကိုတစ်ချက်ဝေ့ကြည့်လိုက်တော့အတော်အဆင့် အတန်းမြင့်တဲ့အိမ်တော်တစ်ခုရဲ့အိပ်ခန်းထဲမှာဖြစ်နေတယ်။
ရိပေါ်လှဲနေရာကနေထိုင်လိုက်ပြီးသူရောက်နေတဲ့ကုတင်ရဲ့မျက်နှာချင်းဆိုင်ကမှန်ကိုလှမ်းကြည့်လိုက်မိတော့ခုနကသူပါတီမှာဝတ်ထားတဲ့ဝတ်စုံနဲ့ပါပဲ။ပိုသွားတာဆိုလို့သူ့ခေါင်းမှာစည်းထားတဲ့ပတ်တီးတစ်ခုပဲရှိမယ်ထင်လို့။အဲ့လိုဆိုမှအခုသူရနေတဲ့အမွှေးရနံ့နဲ့သူရောက်နေတဲ့နေရာကတဆိတ်သူနဲ့ရင်းနှီးနေသလားလို့။
စဉ်းစားရင်းခေါင်းတွေတရိပ်ရိပ်နဲ့မူးလာလို့နားထင် ကိုဖိကိုင်ထားလိုက်ရင်းအခန်းအပြင်ကခြေသံကြားလို့သူ့ကိုကူညီပေးထားတဲ့သူရောက်လာတာပဲဖြစ်မယ်လို့တွေးပြီးကျေးဇူးတင်စကားပြောရမယ်ဆိုတဲ့အတွေးနဲ့မျက်လုံးကိုရအောင်ဖွင့်ပြီးအခန်းတံခါးအဝကိုစိုက် ကြည့်နေတုန်းမှာပဲအခန်းတံခါးပွင့်လာကာအနောက် တိုင်းဝတ်စုံအနက်ရောင်ကိုသပ်ရပ်စွာဝတ်ဆင်ထားတဲ့လူလတ်ပိုင်းတစ်ဦးအခန်းထဲဝင်လာပြီးသူ့ကိုကျော ခိုင်းကာအခန်းတံခါးပြန်ပိတ်နေတာကိုတွေ့လိုက်ရတယ်။
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
Roman d'amourHate has a lot of reasons but love has no reason.