Unicode Version
ရိပေါ် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေရာကနေ အသိဝင်လာလို့ မျက်ခွံတွေကို ခပ်ဖြည်းဖြည်းချင်းစီ ဖွင့်ကြည့်မိတော့ကျ ပက်လက်အနေအထားနဲ့ အိပ်ပျော်နေတဲ့ သူ့နံဘေးမှာ သူရှိတဲ့ဘက် မျက်နှာမူရင်း ဘေးတစောင်းလှဲနေတဲ့ ရှောင်းကျန့်က သူ့ခေါင်းသူ လက်ထောက်ထားရင်းပင် ပြုံးပြုံးကြီး စိုက်ကြည့်နေတာကြောင့် စိတ်လှုပ်ရှားသွားပြီး တစ်ဆက်တည်းမှာပဲ ညကအကြောင်းအရာအချို့ကို သတိပြန်ရသွားတော့ကျ ရှက်စိတ်မွှန်ကာ ကယောင်ကတမ်းနဲ့ ခြုံထားတဲ့စောင်ကို ခေါင်းအထိ ဆွဲတင်မိတော့တယ်။
ရှောင်းကျန့်ဆိုတဲ့လူကြီးက ညကသူ့အရင်အိပ်သွားပြီး အခုကျ ဘယ်အချိန်ကတည်းက ကြိုတင်နိုးနေကာ ထိုမရိုးမသားအကြည့်ကြီးနဲ့ တစိမ့်စိမ့် ထိုင်ကြည့်နေပြန်တယ် မပြောတတ်။ အရင်လိုဆို အရမ်းရှက်လာရင် ထိုလူ့ရင်ခွင်ထဲ ဝင်ပုန်းတတ်ပေမယ့်လို့ အခုကျ ဘာလို့မှန်းမသိ ရိပေါ်စိတ်ထဲ အရင်တုန်းကလို သူ့ကိုချွဲနွဲ့ဖို့ ဝန်လေးနေမိတယ်။
စောင်ကိုခေါင်းအထိ ဆွဲခြုံကာ ပုန်းလိုက်တဲ့ကလေးကြောင့် ရှောင်းကျန့်လည်း ငေးကြည့်နေရာကနေ ချက်ချင်းပဲ ထိုစောင်အတွင်းထဲကို လိုက်တိုးဝင်ကာ စနောက်တဲ့ လေသံမျိုးနဲ့
"ဟိတ်! နိုးလာတာနဲ့ အဲ့ဒါ ဘယ်ကိုထွက်ပြေးတာလဲ? "
မေးလိုက်တော့ ရိပေါ်က မျက်လုံးလေးဝိုင်းကာ ရှက်ကိုးရှက်ကန်း လေသံနဲ့
"ဘာကိုလဲ? မပြေးပါဘူး! ချမ်းလို့စောင်ခြုံတာလေ! "
ရိပေါ်ရဲ့ ရောက်တတ်ရာရာအဖြေကြောင့် ရှောင်းကျန့် ရယ်မိကာ တစ်ဆက်တည်းမှာပဲ ထိုကလေးရဲ့ ဖြူဖြူသွယ်သွယ် ကိုယ်လုံးလေးကို ရင်ခွင်ထဲ အတင်းဆွဲဖက်ပစ်ရင်း နှစ်ကိုယ်ကြားလေသံနဲ့
"ဟားဟား! ခုပဲ မနက်၁၀နာရီ ကျော်လို့ ဒီလောက်ပူနေတဲ့ဟာကို ချမ်းစရာလား? ကိုယ့်ကိုယ်ရှက်ပြီး ထွက်ပြေးရင် ပြေးတယ်ပေါ့! ဟင်! "
ဖော်ကောင်လုပ်လိုက်တော့ အဆိုးလေးက သူ့ရင်ခွင်ထဲ အဖက်ခံထားရာကနေ သူ့ညှပ်ရိုးတစ်ဖက်ကို ခပ်ဆတ်ဆတ်လှမ်းကိုက်ချရင်း ဆူဆောင့်နေတဲ့ လေသံမျိုးနဲ့
YOU ARE READING
My Devil Daddy 🔞⚠️ (Completed )
RomanceHate has a lot of reasons but love has no reason.