Episode - 52

3.7K 335 158
                                    

Unicode Version

* လွန်ခဲ့သော ၁နှစ်ခန့်က *

ရိပေါ်နေသိပ်မကောင်းတာနဲ့ ရှောင်းကျန့်တစ်ယောက်တည်း မိဘတွေ အခေါ်လွှတ်ထားတဲ့ ရှောင်းအိမ်တော်ဆီကို ဝတ်ကျေတမ်းကျေပဲ ထွက်လာခဲ့လိုက်တယ်။ ဟိုရောက်မှ ရှောင်းကျန့် သိလိုက်ရတာက ရိုးရိုးတန်းတန်း တွေ့ဖို့ခေါ်တာမျိုးမဟုတ်ဘဲ သူ့အတွက် နှစ်ဖက်မိဘ တွေ့ဆုံပွဲသဘောမျိုးနဲ့ ညစာစားပွဲလုပ်ပေးမှန်း ရိပ်မိသွားပြီး ရှောင်းကျန့်တစ်ယောက် သူနဲ့မျက်နှာချင်းဆိုင်ကခုံမှာ ထိုင်နေတဲ့မိန်းကလေးကို တစ်ချက်တောင်ဝေ့ဝဲမကြည့်ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်ကာ ရိပေါ်မှာလိုက်တဲ့ ဘဲကင်ကိုအရဝယ်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်။

ပြန်ရောက်တော့လည်း စားချင်စိတ်မရှိတာမို့ ရိပေါ်ကို ညစာစားပြီးပြီလို့ မုသားသုံးကာ တစ်ယောက်တည်းစားစေပြီး သူကိုယ်တိုင်ကတော့ စိတ်ရှုပ်ထွေးနေတာမို့ အလုပ်ထဲကို ခဏအာရုံစိုက်ထားလိုက်တယ်။

သိပ်မကြာခင် ရိပေါ်က အိပ်ခန်းထဲကို ပြန်ရောက်လာပြီး အနားယူဖို့ပြောတာမို့ သူ့အလိုကျ ကုတင်ပေါ်မှာ ဝင်လှဲတော့ကျ ထိုကောင်လေးက မိမိရင်သွေးကို မွေးချင်ပါတယ်တဲ့။ ကြားကြားချင်းမှာ ရှောင်းကျန့် ဟန်မဆောင်နိုင်လောက်အောင် အလွန်အမင်း ထိတ်လန့်သွားရတယ်။ မဖြစ်ဘူး သူ့ကြောင့်နဲ့စိတ်ရောကိုယ်ပါ ဒဏ်ရာတွေများခဲ့ရတဲ့ ဒီကောင်လေးကို အခုလို အသက်နဲ့ရင်းရမယ့် ကိစ္စမျိုးအတွက် ဘယ်လိုနည်းနဲ့မှ သူခွင့်မပြုနိုင်ပါ။

နောက်ဆုံး သူခွင့်ပြုပေးလို့ ရိပေါ်ကိုယ်တိုင်မွေးဦးတော့ တစ်ကြိမ်သာမွေးခွင့်ရမယ့် ထိုတစ်ဦးတည်းသောကလေးက ရှောင်းမျိုးနွယ်သာ အတပ်ခံရပြီး ထိုမျှနဲ့သာ အဆုံးသတ်တော့မည်။ ဘယ်မှာလဲ ဝမ်မျိုးရိုးနာမည်နဲ့ ကလေး? ဘယ်မှာလဲ ရိပေါ်အတွက် တရားမျှတမှု? ရိပေါ်ကိုအပင်ပန်းခံ ပေးဆပ်ခိုင်းပြီးမှ ရလာမယ့်ထိုသွေးသားကို အခန့်သား ရှောင်းမျိုးနွယ်နာမည်တပ်ပြီး မတရား မယူလိုပါ။ ကိုယ်တိုင်မွေးခဲ့တဲ့ ရိပေါ်ရဲ့ မျိုးရိုးနာမည်ကို ပေးလိုက်ဖို့ကျပြန်တော့လည်း ဥပဒေနဲ့လုပ်ထုံးလုပ်နည်းအရ မဖြစ်နိုင်တာမို့ တစ်ယောက်တည်း အဆုံးအစွန်အထိ အတွေးနယ်ချဲ့ကာ စိတ်သောက ရောက်ရပြန်တယ်။ ထိုညက သူနဲ့ရိပေါ် အနည်းငယ် ကတောက်ကဆဖြစ်ပြီး နောက်ဆုံး ရှောင်းကျန့်ကပဲ သူတို့ရဲ့အိပ်ခန်းထဲကနေ ထွက်လာခဲ့မိတော့တယ်။ မိဘတွေနဲ့ ရိပေါ်ကြားမှာ သူအရမ်းကို မွန်းကြပ်ပြီး ပင်ပန်းနေပြီ။

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now