{ ဇာတ်ကောင်မိတ်ဆက်နှင့် အမှာစာ }

26.8K 1.6K 166
                                    

မိုင်ဆုန်ခ၊ QiYe ဝတ္ထုမှ ကြိုဆိုပါတယ်။

ဒီစကားချပ်ကတော့ ဇာတ်ကောင်အကြောင်း နည်းနည်းပါးပါးသိမှ ဆက်ဖတ်ဖြစ်မယ့် လူတွေအတွက် ရည်ရွယ်ရှေးရှုပါတယ်ရှင်။ Spoiler နည်းနည်းပါမှာမို့ အမြည်းမကြိုက်ရင် ကျော်သွားလို့ရပါတယ်နော့်။

💚

အရှင်ခုနစ်လို့ အဓိပ္ပာယ်ရတဲ့ ဒီဝတ္ထုမှာ အဓိကအကျဆုံးဇာတ်ကောင်ဟာ အရှင်ခုနစ်ဆိုတဲ့ " ကျင်ပေယွမ်း " ပဲဖြစ်ပါတယ်။

ဘဝခုနစ်ခုကို ကျင်လည်ခဲ့ရတာမို့ အရှင်ခုနစ်လို့ သုံးနှုန်းခေါ်ဆိုခဲ့တာပါ။ ဝတ္ထုမှာတောက်လျှောက်သုံးသွားတဲ့ " ကျင်ချီး" ဆိုတာ ခုနစ်ဘဝမြောက် ကျင်ပေယွမ်းလို့ ဆိုလိုတာဖြစ်ပါတယ်။

ကျင်ပေယွမ်းဟာ တာ့ချင့်ရဲ့ မင်းသားတစ်ပါးဖြစ်ပြီး ဘွဲ့အမည်အားဖြင့် " နန်နဥ္မင်းသား " ဖြစ်ပါတယ်။

သူ့ရဲ့ရုပ်ဆင်းရူပကာ ဘယ်လောက်တင့်တယ်သလဲဆိုရင် အချောအလှလေးတွေကို လိုက်ငမ်းတတ်တဲ့ ဝမ်းခယ့်ရှင်ကတောင် ကျင်ပေယွမ်းက သူမြင်ဖူးသမျှ အလှဆုံးလူသားပါလို့ ပြောယူရတဲ့အထိပါ။ ရုပ်ရည်တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လွန်းသလို ဉာဏ်နီဉာဏ်နက်အရမ်းများတဲ့လူပါ။

🖤

နောက်တစ်ယောက်ကတော့ နတ်ဆေးဆရာလေး ဝူးရှီးပဲဖြစ်ပါတယ်။

သူ့ရဲ့မွေးရပ်ဇာတိဟာ တောင်ပိုင်းဒေသ နန်ကျန်းဖြစ်ပြီး အဲ့မျိုးနွယ်စုရဲ့ နတ်ဆေးဆရာအရိုက်အရာကို ဆက်ခံရမည့် အလောင်းအလျာလူရွယ်လေးပဲဖြစ်ပါတယ်။
ကံကြမ္မာဖန်လာတော့ နန်ကျန်းက တာ့ချင့်ကို စစ်ရှုံးသွားပြီး တာ့ဝူးလေးဟာ သုံ့ပန်းအဖြစ်၊ ဓားစာခံတစ်ယောက်အဖြစ် တာ့ချင့်ကို ရောက်လာခဲ့ရပါတယ်။

နန်ကျန်းဟာ တောတောင်စိမ့်စမ်းတွေထူထပ်ပြီး အဆိပ်ရှိသတ္တဝါမျိုးစုံနေတာမို့ ဝူးရှီးဟာ မှော်အတတ်ကိုရော၊ အဆိပ်ပညာပါ ကျွမ်းကျင်ပါတယ်။ အဆိပ်ရှိတဲ့သတ္တဝါမျိုးစုံကို အဖော်လုပ်ပြီး မွေးတတ်တဲ့ကောင်လေးပါ။

ကျင်ပေယွမ်းက ဉာဏ်များသလောက် ဝူးရှီးက အရမ်းကို ရိုးရှင်းပါတယ်။ ညီလာခံထဲက အချင်းချင်း အာဏာလုတာတွေ၊ မာယာပရိယာယ်တွေကို ကျွမ်းကျင်ပါးနပ်တဲ့ ကျင်ပေယွမ်းအတွက် ဒီကောင်လေးရဲ့ရိုးသားမှုတွေက ရင်ဆိုင်ရခက်တဲ့ ပဟေဠိလို ဖြစ်လာခဲ့ပါတယ်။

အရှင်ခုနစ် Where stories live. Discover now