အပိုင်း - ၆၈ { တော်ဝင်မျိုးနွယ်၏ ဘဝပေးတာဝန် }

3.2K 753 100
                                    

အပိုင်း - ၆၈

{ တော်ဝင်မျိုးနွယ်၏ ဘဝပေးတာဝန် }

ဟယ့်ယွင်ရှင်လည်း မြင်းပေါ်တက်စီးလိုက်ကာ ဟယ့်လျန်ကျောက်နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။ ထိုအခိုက်အတန့်အတွင်းဝယ် သူတို့နှစ်ယောက်ကြားရှိ အငြိုးအတေးများမှာ လေထဲမှာပင် ပျောက်ကွယ်သွားခဲ့ကာ မြူခိုးထုများသာ ရစ်ပတ်လွှမ်းခြုံနေခဲ့သည်။ အရွယ်ရောက်လာပြီးကတည်းက စစ်မြင်းကိုသာ စီးနင်းချင်ကာ ရှေ့သို့ချီတက်တိုက်ခိုက်ရန်သာ စောင့်စားနေခဲ့သည့် အမတ်မင်းငယ်ဟယ့်ယွင်ရှင်မှာ တပ်မတော်နှင့် လိုက်ပါလာသည့် လအနည်းငယ်အတွင်းမှာပင် လျင်မြန်စွာ တိုးတက်ရင့်ကျက်လာခဲ့သည်။

သွေးစက်များနှင့် မီးလျှံများမှာ သံပုခက်တစ်ခုအဖြစ် တစ်သားတည်း ပျော်ဝင်သွားခဲ့သည်။ ဝမ့်ယွဲ့မြစ်ရေအား ညစ်ညမ်းစေခဲ့သည့် မျက်နှာချေမှုန့်အနံ့များကို သူတို့၏ အသွေးအသားများဖြင့် အကုန်အစင် ဆေးကြောပစ်ခဲ့လိုက်လေပြီ။

ရှေ့ဆုံးမှ ဒုန်းစိုင်းပြေးလာသည့်မြင်းကို စီးနင်းလာရင်း ထိုယောက်ျားသားမှာ သားရဲတိရစ္ဆာန်တစ်ကောင်ပမာ ရင်အုံထဲမှ လှိုက်တက်လာသည့် ဟစ်ကြွေးသံကို ပြုခဲ့လေသည်။ သူ၏သံချပ်ကာသည်လည်း ညအမှောင်ထုကြားရောင်ပြန်ဟပ်နေခဲ့၏။ သော်တာလရောင်က သူ့ခေါင်းပေါ်သို့ ဖြန့်ကျက်ဖြာကျနေခဲ့ကာ  ခဏကြာသောအခါ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြန်၏။

စစ်မြေပြင်၌ မူးယစ်လဲကျသူများကို ရယ်သွမ်းသွေးခြင်း မပြုအပ်ရာ။ အချိန်ယန္တရားဆိုသည်မှာ မမှတ်မိနိုင်တော့လောက်အောင် ကြာညောင်းနေတတ်ခဲ့ရာ အချို့သူများသာ ဤခရီးလမ်းမှ ပြန်လာနိုင်တော့မည်မို့။

ဟယ့်လျန်ကျောက်က ထိုသူတို့အား အကုန်သတ်ဖြတ်ပစ်ခဲ့သည်။ သားရဲတိရစ္ဆာန်များနှင့်တူလှစွာသော ထိုလူရိုင်းများမှာ သူ့ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရကာ ခေါင်းနှင့်ကိုယ်မှာ အိုးစားကွဲသွားကြသည်။ တာ့ချင့်စစ်သည်တော်များမှာအရေးနိမ့်နေမှုကြောင့် ကြံရာမရပြေးနေကြစဥ် ဟယ့်လျန်ကျောက်ကို မြင်လိုက်သောအခါ ထိုသူ့ဆီသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။ ထိုအခါ ဟယ့်လျန်ကျောက်မှာ လက်တစ်ဖက်ကို အားမာန်ပါစွာ မြှောက်လိုက်ကာ လေးလံလှသော ဓားကြီးကို ကိုင်ပြီး တစ်ဖက်ရန်သူ၏ခေါင်းကို ညှာတာမှုမဲ့စွာ ပိုင်းချလိုက်သည်။ ထိုသူမှာ ထိုနေရာမှာပင် ခေါင်းပွင့်ထွက်သွားကာ ဦးနှောက်အသားများကပါ တစ်စစီ ပြန့်ကြဲလွင့်စင်သွားပေသည်။

အရှင်ခုနစ် Where stories live. Discover now