အပိုင်း - ၄၇ { နှင်းမုန်တိုင်း }

3.6K 767 66
                                    

အပိုင်း - ၄၇ { နှင်းမုန်တိုင်း }

{ Trigger warning : ဒီအပိုင်းကနေစပြီး နိုင်ငံရေးအားပြိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်ပါတယ်။ ကျင်ပေယွမ်းနဲ့ ကျိုးကျစ်ရှူးတို့ ဘဝအတွက် Turning point ဖြစ်သွားစေခဲ့တဲ့ အချိုးအကွေ့အကြီးစားတွေ လာတော့မှာပါ။ ဆက်ဖတ်မယ်ဆိုရင် စိတ်ကို ပြင်ဆင်ထားကြပါလို့ ကြိုတင်မှာကြားပါရစေ }

ယခုရက်ပိုင်း ဟယ့်လျန်ချီ မပျော်ပါချေ။ သူ့အတွက် ဘေးအန္တရာယ်ကြီးဖြစ်သော နန်နဥ်မင်းသားကျင်ပေယွမ်း လျဲန်ကွမ်မှပြန်ရောက်လာပြီးကတည်းက ဟယ့်လျန်ချီ မပျော်ပိုက်ခဲ့ပါချေ။

အထူးသဖြင့် ထိုလုလင်ပျိုနှင့် ညီလာခံထဲတွင် ရံဖန်ရံခါတွေ့ဆုံရတိုင်း ဟန်ဆောင်အပြုံးများနှင့်အတူ သူ့အား အရိုအသေပြုလာသောအခါ
ကျင်ချီးမှ သူ့အားကြည့်လာသော အကြည့်များမှာ သူ့ရင်အား မွန်းကျပ်လာစေသည်။

အရင်တုန်းက မတွေးမိခဲ့ပေမင့် ယခု တောက်ဘုန်းတော်ကြီးလီ၏ သတိပေးစကားများကို ပြန်လည်ထောက်ဆကြည့်လိုက်သောအခါ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်များ၏ နောက်ကွယ်တရားခံမှာ ထိုမင်းသားငယ်လေးပင် ဖြစ်ရမည်ဟု ဟယ့်လျန်ချီ ထင်လာသည်။

အရင်တုန်းကဆိုလျှင် ချောမောတင့်တယ်လှသော ထိုယောက်ျားပျိုမှာ အထိန်းအချုပ်မရှိဘဲ ကာမဂုဏ်ကြူးလှသော သူ၏နှလုံးသားကို အနည်းအကျဥ်းပင် လှုပ်ခတ်စေနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ယခုတော့ ထိုယောက်ျားအားတွေ့မြင်ရသောအခါ မက်မွန်ပွင့်နှင့်တူလှစွာသော ဝင်းလက်တောက်ပသည့် ထိုမျက်ဝန်းများနောက်ဝယ် ကြီးမားလှသည့်အရိပ်မည်းကြီးတစ်ခု လွှမ်းခြုံသည်ဟုသာ ဟယ့်လျန်ချီ ခံစားနေရသည်။ မိမိထံ ကျရောက်လာသော ထိုသူ၏အကြည့်များကအစ သူ့အား စိတ်မသက်မသာဖြစ်စေလှပေသည်။

အိမ်ရှေ့စံဘေးနားသို့ စူးချင်းလွမ်အား လွှတ်ထားခဲ့သော်ငြား ဘာအကျိုးအမြတ်မှ ရမလာသေးချေ။ ချစ်စရာကောင်းလှသော သူ၏ညီတော်မောင်လေးမှာ ထိုမိန်းမပျိုအား ပိရိစွာ သိုဝှက်ထားခဲ့လေရာ သူမအဖို့ အပြင်ထွက်လာနိုင်ရန်ပင် လွန်စွာခက်ခဲနေပေပြီ။ ထို့အပြင် အိမ်ရှေ့စံက သူမနှင့်ရှိနေလျှင် အပန်းဖြေစရာတစ်ခုအဖြစ်သာ သဘောထားဟန်ရကာ ဘာမှအရေးမပါသောစကားများကိုသာ ပြောခဲ့ပြီး အရက်သေစာသောက်စားခြင်းနှင့် သီချင်းနားထောင်ခြင်းတို့ကိုသာ လုပ်ခဲ့သည်။ အရေးကြီးသောအကြောင်းကိစ္စများကိုမူ ထိုဂီတမယ်လေးရှေ့ဝယ် တစ်စွန်းတစ်စလေးတောင်မှ ဖွင့်ဟပြောဆိုခြင်းမရှိ။

အရှင်ခုနစ် Where stories live. Discover now