အပိုင်း - ၅၄ { မရဏပန်းများ ပွင့်လန်းရာ }

3.2K 732 57
                                    

အပိုင်း - ၅၄ { မရဏပန်းများ ပွင့်လန်းရာ }

ရုပ်စုံမှန်ပြောင်းဆန်ကာ ထူးဆန်းလှသည့် အိပ်မက်ကမ္ဘာထဲသို့ ဆေးအာနိသင်ကြောင့် ရောက်ရှိသွားရာမှ ကျင်ချီး ပြန်နိုးလာသောအခါ အပြင်ဘက်တွင် မိုးချုပ်သွားပြီဖြစ်သည်။ အခန်းထောင့်တစ်နေရာတွင် မှိန်ပျပျအလင်းသာဖြာနေသည့် မီးအိမ်တစ်လုံး ရှိနေ၏။ ဆယ်ကျော်သက်လုလင်ပျိုတစ်ယောက်က စာအုပ်တစ်အုပ်ကို ကိုင်ထားကာ အချိန်အတော်ကြာသည့်အထိ ထိုနေရာတွင်ပင် မလှုပ်မယှက်ထိုင်နေလျက် ။

ဝူးရှီးက ကျင်ချီး၏အသက်ရှူသံ ပြောင်းလဲသွားသည်ကို သတိထားမိသွားလေရာ သူ့ဆီ မော့ကြည့်လာခဲ့ပြီး တိုးလျစွာပြောလာ၏။

"အရှင့်သားက သတိမေ့စေတဲ့ဆေးကို မတော်တဆ ရှူမိသွားခဲ့တာ။ ဖြေဆေးကိုလည်း ကျွန်တော်တိုက်ထားပြီးပါပြီ။ အခုရော ခေါင်းကိုက်နေသေးလား"

မိမိကများ အမြင်မှားသွားလေသလား၊ သူ့အပေါ်ဆက်ဆံသော ဝူးရှီး၏အပြုအမူမှာ အနည်းငယ်တော့ ပြောင်းလဲကာ စိမ်းကားသည့်ဟန် ရနေသည်ဟု ကျင်ချီး ခံစားလိုက်ရ၏။

ကျင်ချီးကလည်း "အင်း"ဟုသာ ဖြေလိုက်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ခုထက်ထိ သူ အပြည့်အဝ မနိုးသေးပါချေ။ ဤတစ်ခေါက် အိပ်ပျော်သွားခြင်းမှာ အချိန်ကာလများစွာ ကြာညောင်းသွားသည်ဟုလည်း ခံစားလိုက်ရ၏။ ထိုစဥ် သူ့ခေါင်းရင်းဘက်မှ ဆူညံသံများ ကြားလိုက်ရသဖြင့် ကျင်ချီး လှည့်ကြည့်လိုက်ရာ - ကြိုးဖြင့် အတုပ်ခံထားရပြီး ခန်းဆီးစ၌ တွဲလောင်းချိတ်ခံထားရသော ကတိုးကောင်လေးအား တွေ့လိုက်ရသည်။ ၎င်း၏ ဝိုင်းစက်ကြီးမားသော မျက်လုံးလေးများဖြင့် သူ့အား အသနားခံသည့်နှယ် ကြည့်လာခဲ့ကာ ခြေကလေးလက်ကလေးများကလည်း မရပ်မနားရုန်းကန်နေလို့။

ကျင်ချီးမှာ မရယ်မိဘဲ မနေနိုင်တော့။ ထို့နောက် လှဲရာမှ ထထိုင်လိုက်ကာ မြွေပါကတိုးကောင်လေးကို ယူပြီး ပွေ့ချီထားလိုက်သည်။

"ဘာလို့ ဒီလိုလုပ်ထားရတာလဲ"

ဝူးရှီးက နှာမှုတ်သံတိုးတိုးလေး လုပ်လာကာ -

အရှင်ခုနစ် Where stories live. Discover now