အပိုင်း - ၇၁ { အဆုံးသတ်တိုက်ပွဲ ၊ ပထမပိုင်း }

3.4K 714 94
                                    

အပိုင်း - ၇၁

{ အဆုံးသတ်တိုက်ပွဲ ၊ ပထမပိုင်း }

ဤအခြေအနေအထိရောက်လာမှတော့ နန်းမြို့တော်အား တောင်အရပ်သို့ပြောင်းရွှေ့ရန် မည်သူကမှ စကားထပ်မဟရဲတော့။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ နူးညံ့သိမ်မွေ့နေခဲ့ကာ ကရုဏာတရားပြည့်ဝဟန်ရနေခဲ့သည့် ထိုလုလင်ပျိုငယ်ဟယ့်လျန်ရိမှာ နောက်ဆုံးတော့ သူ၏သွေးအေးရက်စက်သော စရိုက်ဗီဇအား ကမ္ဘာလောကကြီးရှေ့ ထုတ်ဖော်ပြသလာခဲ့သည်။ ထို့နောက် လူတိုင်းနောက်ဆုတ်ချင်နေသော သေရေးရှင်ရေးအခြေအနေကြီးထဲတွင် ထိုလူရွယ်က ပွဲတော်ဖြစ်မြောက်ရေးဆိုင်ရာဝန်ကြီးအား နန်းတက်ပွဲကို အမြန်ဆုံးကျင်းပလိုက်စေကာ အမြင့်ဆုံးသောရာထူးအား အဆောတလျင်ပင် ရယူသိမ်းပိုက်လိုက်သည်။

နန်းတော်အတွင်းတစ်နေရာတွင် ဟယ့်လျန်ဖေ့၏ အသက်ရှူသံများမှာ တိုးညှင်းဖျော့တော့နေခဲ့ကာ သူ၏ခံနိုင်ရည်များကလည်း အဆုံးသတ်ခါနီးဖြစ်လာခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ဤလောကကြီးအပေါ် တင်ခဲ့သော ဖခင်ဖြစ်သူ၏ကြွေးမြီများကို သားဖြစ်သူက ပြန်လည်ပေးဆပ်ရတော့မည်ဖြစ်သည်။

ထိုနှစ်တွင် ဟယ့်လျန်ရိမှာ အသက်နှစ်ဆယ့်ရှစ်အရွယ် ရှိနေပြီဖြစ်ကာ သူ ထီးနန်းစိုးစံရာခေတ်ကာလကိုလည်း "ရုန်ကျားခေတ်"ဟု ပြောင်းလဲခေါ်တွင်စေလိုက်သည်။

ယခုအချိန်မှာတော့ ဝါကယ်လာ့တို့အား လက်မြှောက်အရှုံးပေးရန်၊ ငြိမ်းချမ်းရေးအတွက် အလျော့ပေးပြီးဆွေးနွေးရန် ၊ သူတို့ခေါင်းကိုမော့ပြီး ပြောဆိုတိုက်တွန်းခဲ့သောသူများမှာ ပထမဆုံးသော အသေခံတပ်သားများ ဖြစ်လာခဲ့ရသည်။ ပြင်းထန်လှသော ဟယ့်လျန်ရိ၏အာဏာစက်အောက်တွင် လူအများစုမှာ ရေငုံနှုတ်ပိတ်သာနေကြတော့သည်။ ဤ
အဖြေထက်ပိုကောင်းသော ရွေးချယ်စရာ မရှိခဲ့သောကြောင့် အတင်းအကျပ်မျိုသိပ်နေရခြင်းသာဖြစ်သည်။ ညီလာခံသဘင်ထဲရှိ လူစုသာမက ဘုရင့်တပ်မတော်၏ နောက်ဆုံးလူတန်းအထိ ၊ လူတိုင်းလူတိုင်းမှာ ချောက်ကမ်းပါးစွန်းတွင်သာ လှုပ်လီလှုပ်လဲ့ ရပ်နေခဲ့ရသည်။

အရှင်ခုနစ် Where stories live. Discover now