2.Shang Xirui's Charm

38 4 0
                                    

Mahjong စားပွဲတွင် Cheng Fengtai နှင့်သူ၏ယောက်ဖ Fan Lian တို့နှင့်အတူ ကြွယ်ဝသောအမျိုးသမီးနှစ်ဦးတို့ ထိုင်ကစားနေကြသည်။ အရောင်တောက်ပသည့်အခန်းထဲတွင် စုစုပေါင်း စားပွဲ (၆) ခုရှိသည်။

မိသားစုအသီးသီးမှ ချမ်းသာကြွယ်ဝသူများသည် ညကိုအသက်ဝင်စည်ကားအောင် စုရုံးကြသည်။ သခင်မ၏သား မွေးနေ့ပွဲဆင်နွှဲရန် မွေးနေ့လက်ဆောင်များနှင့်ဂုဏ်ပြုလွှာများ ဝင်လာမစဲ ဖြစ်နေတော့သည်။ ရိုးရိုးသားသားပြောရရင်တော့ မနက်ဖြန်မရှိတဲ့အလား ပျော်ပွဲရွှင်ပွဲကျင်းပဖို့ ဆင်ခြေတစ်ခုသက်သက်ပင်။

Mahjong ဆော့နေတဲ့ Cheng Fengtai ဘေးမှာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် Cha Chaer သည် ငြိမ်ငြိမ်လေးထိုင်ပြီး စပျစ်သီးများစားနေသည်။ Cheng Fengtai သည်အခါအားလျော်စွာ Cha Chaer ကိုစလိုက်၊ စပျစ်သီးတောင်းစားလိုက်နှင့်ရှိ၏။ Cha Chaer ကသူ့ကိုလျစ်လျူရှုသော်လည်း တစ်ခါတစ်ရံသူမအစ်ကို၏ ပါးစပ်ထဲစပျစ်သီးတို့ထည့်ပေးတတ်သည်။

Fan Lian သည်ဟာသတွေပြောလိုက်၊ ရယ်မောလိုက်နှင့် စည်းကမ်းကိုမေ့ပြီး ဆေးလိပ်မီးညှိလိုက်သည်။ သူဆေးလိပ်မသောက်မီ Cheng Fengtai က "လွှင့်ပစ်လိုက်၊ ငါ့ညီမ ဒီမှာရှိနေတယ်လေ၊ သူမချောင်းဆိုးလိမ့်မယ်" လို့လှမ်းဆူတယ်။

Fan Lian က သူ့စီးကရက်ကို မပစ်ချင် ပစ်ချင်နှင့် ပစ်လိုက်ရပြီး "ယောက်ဖ၊ Mahjong ကစားဖို့လာရင် တတိယညီမကို ခေါ်မလာပါနဲ့လို့ ငါမပြောဘူးလား၊ ဘာလို့အမြဲတမ်းခေါ်လာတာလဲ။ အခုဘဲ ညတော်တော်နက်နေပြီ ဒီအချိန်က ကလေးတွေအိပ်ရမဲ့အချိန်လေ" ဟုညည်းတွားသည်။

Cha Chaer က သူမအကြောင်းပြောနေသည်ကို ကြားတော့ စပျစ်သီးကိုမစားတော့ပေ။ တောက်ပသောအလင်းရောင်အောက်တွင် ကြည်လင်သောအညိုရောင်မျက်လုံးတစ်စုံသည် Fan Lian ကိုတည့်တည့်ကြည့်သည်။

Fan Lian သည် Cha Chaer ၏အကြည့်ကြောင့် မသက်မသာခံစားခဲ့ရသည်။ သူနှင့် တစ်ခါမျှစကားမပြောဖူးသော ဒီကလေးသည် ဆိုးညစ်ယုတ်မာသည့် မကောင်းဆိုးဝါး အရှိန်အဝါတစ်ခုရှိနေသည်ဟု သူခံစားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမမျက်ခုံးနှင့်မျက်နှာများသည် လှပသော်လည်း သူမမျက်လုံးများမှာ အရိုင်းဆန်ပြီး စူးရဲလွန်းသည်။ Cha Chaer ကိုဘယ်လိုပြုစုပျိုးထောင်ခဲ့ကြလည်း သူမသိပါ။ ပြောကြတာက သူမအမေသည် တောင်ပိုင်းမှအမျိုးသမီးတစ်ဦး ဖြစ်သည်။ Miao အနွယ်လား။ အဆိပ်ရှိတဲ့မိန်းမ ...

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now