တဖြည်းဖြည်း မှောင်လာပြီဖြစ်ပြီး ပန်းခြံထဲမှာလည်း ဖျော်ဖြေပွဲစနေပြီဖြစ်သည်။ Cheng Fengtai က Chang Zhixin နဲ့ သူ့ဇနီးကို အိမ်အနှံ့ကိုလိုက်ပြနေသည်။
"ဒီအိမ်က မင်းသား Shun ရဲ့စံအိမ်ကြီးဖြစ်ခဲ့ဖူးတယ်။ ငါက တရုတ်အိမ်တွေကို မကြိုက်ဘူး။ Fan Lian လဲသိတယ်။ အလင်းရောင်ကောင်းကောင်းမရဘဲ အေးတိအေးစက်နိုင်တယ်။ ဒါပေမဲ့ ငါ့မိန်းမက ကြိုက်တော့ ဝယ်လိုက်ရတယ်။ ဒီအိမ်က ဘယ်လောက်ဈေးကြီးလဲ သိလား။ ကြားရင် တုန်လှုပ်သွားလိမ့်မယ်! ဒီလိုမျိုး နောက်တစ်လုံးထပ်ဆောက်ရလောက်အောင်ဘဲ။ ဟိုက ရေတွင်းကိုတွေ့လား၊ ရွှေကြွက်နှစ်တုန်းက မင်းသား Shun ရဲ့ဇနီးက အဲ့ဒီရေတွင်းမှာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တာ။ ငါ့ကလေးတွေ စကားနားမထောင်ရင် ဒီဇာတ်လမ်းနဲ့ ခြောက်လို့ရတယ် ဟားဟား ... "
Chang Zhixin ကပြုံးပြီး Fan Lian ကိုတိုးတိုးလေးကပ်ပြောသည်။ "သူက အမြဲဒီလိုဘဲလား"
Fan Lian က သူ့ယောက်ဖက ပုံမှန်ထက် ဒီနေ့ပိုဆိုးနေတယ်လို့ ခံစားရသည်။ "မဟုတ်ဘူး၊ ပုံမှန်တော့ အဲ့လိုမဟုတ်ဘူး"
Chang Zhixin ကရယ်မောပြီး "သူက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် ဟားဟား ... "
Fan Lian က ခါးသက်သက် ပြုံးလိုက်ပြီး "အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သာမာန်လူတစ်ယောက်က သူ့ရဲ့ "အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"ကို သည်းမခံနိုင်ဘူး။"
Fan Lian ကရှေ့ကိုပြေးလာပြီး Cheng Fengtai ကို ဆွဲလိုက်ကာ "ယောက်ဖ၊ ငါ့ဝမ်းကွဲက Beiping မှာခဏနေဦးမှာ။ အခုအချိန်က သူ့တို့ကို အိမ်အနှံ့လိုက်ပြရမယ့် အချိန်မဟုတ်ဘူး။ မင်းရဲ့ဧည့်သည်တွေက အိမ်ရှေ့ကခြံထဲမှာရှိနေသေးတယ်မဟုတ်လား"
Cheng Fengtai ကဘာမှမသိနားမလည်သလိုပြန်ဖြေသည် "သူတို့ဘာသာ စားနေ၊ သောက်နေ၊ ပျော်နေတာကို မင်းက ငါ့ကို သူတို့ကို လက်ဖက်ရည်ထပ်တိုက်စေချင်တာလား" ပြောရင်း သူက ရုတ်တရက် ရပ်လိုက်ပြီး သူ့နဖူးသူရိုက်ကာ "အိုး! ခဲအိုကို မေ့နေတာ ... "
Fan Lian က Cheng Fengtai ကိုလက်နဲ့အမူအရာပြပြီး "အစ်ကို ကျွန်တော်သူတို့ကို လိုက်ပို့လိုက်မယ်၊ မြန်မြန်သွား။ Commander Cao မင်းကို သေနတ်နဲ့မပစ်ပါစေနဲ့!"
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Historical FictionWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...