15. Yang Guifei in the Eternal Palace

15 2 0
                                    

ဒုတိယနှစ် ဆောင်းရာသီအစ၏ နေ့လည်ခင်းတစ်ခုတွင် Cheng Fengtai သည် အိပ်ငိုက်နေသော်လည်း ကုန်သည်ကြီးများအသင်းရှိ လူငယ်နှင့်သက်ကြီး စီးပွါးရေးသမားများ၏ "ပြန်ပေးဆွဲခြင်း" နှင့် "ခေါင်းစားခြင်း" ခံခဲ့ရသည်။ 

Cheng Fengtai သည် မြောက်ပိုင်းရှိ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားကာ မြောက်နှင့်တောင်ရှိ Fan မိသားစုနှင့် သီးခြားပူးပေါင်းဆောင်ရွက်သည့်အပြင် Cao စစ်ဌာနချုပ်၏ ပံ့ပိုးကူညီမှုဖြင့် မန်ချူးရီးယားသည်လည်း သူ့ဆန္ဒအရပင် ပြဿနာတစ်စုံတစ်ရာမျှ မဖြစ်ပေ။ 

သူက အရေးကြီးသောပစ္စည်းများ သယ်ဆောင်သောအခါ တောင်များကိုဖြတ်၍ အခွန်ရှောင်ရန် လမ်းကိုရွေးချယ်ခဲ့သည်။ တောင်ပေါ်ဓားပြ ပြဿနာကိုလည်း သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သိပ်မကြာခင်မှာဘဲ သူကအရောင်းအ၀ယ်လုပ်ငန်းထပ်တိုးချဲ့လုပ်ခဲ့ပြီး သူရတဲ့ အသားတင်အမြတ်က တော်တော်ကြီးမားသည်။ 

Cheng Fengtai သည် အတားအဆီးမရှိဘဲ ရှေ့သို့တက်လှမ်းကာ အလင်းနှင့်အမှောင် စီးပွါးရေးလမ်းနှစ်သွယ်လုံးကို ခြေချနိုင်ခဲ့သည်။ ကုန်သည်ကြီးများအသင်းမှ လူများက သူ့ကို အခွင့်ကောင်းမယူနိုင်ဘဲ ထိုင်ကြည့်ရုံသာတတ်နိုင်ကြသည်။ 

*

မနေ့က Cheng Fengtai က တစ်ညလုံး ဖဲရိုက်ရင်း အချိန်ကုန်ခဲ့သည်။ ဒီနေ့တော့ တစ်ရေးတစ်မောအိပ်ပြီး နေ့ခင်းဘက်လက်ဖက်ရည်ချိန်ကို ကျော်လိုက်သည်။ နေ့ခင်းအိပ်ရာကနိုးသောအခါ သေလောက်အောင် ဗိုက်ဆာနေပြီဖြစ်သည်။ 

ကုန်သည်ကြီးများအသင်းမှကျင်းပသော ရန်ပုံငွေပွဲသို့ သူတက်ရောက်ခဲ့ရသည်။ စားသောက်ဆိုင်သည် သိပ်မဆိုးလှ။ ထို့နောက် စားသောက်ပြီး စကားစမြည်ပြောဖြစ်ကြသည်။ 

Cheng Fengtai သည် စားပွဲဝိုင်းတစ်ခုတွင် ထိုင်ကာ ကြက်ရင်အုံကိုဖဲ့စားကာ ဝိုင်သောက်ပြီး သူတော်ကောင်းဟန်ဆောင်ထားကြသော ကြောင်သူတော်များ၏ တစ်စုံတစ်ဦးကိုမျှ အပြစ်တင်လို့မရသည့် မတရားမှုအကြောင်းများကို စိတ်ရှည်စွာ နားထောင်ပေးနေခဲ့သည်။ ဒီလိုရှည်လျားလှတဲ့ ဇာတ်လမ်းတွေရဲ့ အနှစ်သာရက ကွဲပြားခြင်းမရှိဘဲ တစ်ခုတည်းသာ ဖြစ်သည်။ အလုပ်သမားခွဲတမ်းများကို ခေါင်းပုံဖြတ်ခြင်းပင်ဖြစ်သည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now