သူတို့ နှစ်ဦးစလုံး မီးရောင်မှိန်မှိန်နှင့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသည်။ Cheng Fengtai က Shang Xirui အတွက် ချောကလက်ကိတ်နှင့် သစ်သီးယိုကိတ်ကို မှာပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ ကော်ဖီတစ်ခွက်သာလိုသည်။ Shang Xirui ကတော့ ကိတ်မုန့်ကို ခပ်ကြီးကြီးဖဲ့ပြီး စားနေသည်။ သူ့ အစားစာချင်စိတ်က အံ့မခန်းပင်။ Cheng Fengtai က Shang Xirui မုန့်စားနေသည်ကိုကြည့်ရင်း စီးကရက်သောက်နေသည်။
Shang Xirui က ဇွန်းကိုလျှာနဲ့လျက်လိုက်ပြီး "Er Ye က အဲဒီနေ့က ငါ့ကိုလာမတွေ့ဘဲ ဘာလို့အိမ်ပြန်သွားတာလဲ" ဟုမေးသည်။
Shang Xirui က Cheng Fengtai ကိုကြည့်လိုက်သည်။ မင်းသားလေး၏မျက်လုံးများသည် ကောင်းမွန်စွာလေ့ကျင့်ထားသည့်အတိုင်း အလင်းရောင်မှိန်မှိန်တွင် အဖြူအမည်းပြတ်သားကြည်လင်သော မျက်လုံးတစ်စုံသည် ပိုမိုတောက်ပလာကာ "Er Ye 'ထာဝရနန်းတော်' ကို ကြည့်ရတာ ကျေနပ်ရဲ့လား" ဟုမေးသည်။
Cheng Fengtai မှာ 'ထာဝရနန်းတော်' နှင့်ပတ်သတ်ပြီး ပြောစရာအများကြီးရှိသည်။ Shang Xirui 'ထာဝရနန်းတော်' အကြောင်း စကားစသည်နှင့် Cheng Fengtai သည် လွန်ခဲ့သည့်ရက်တွေက သူထိန်းချုပ်ထားခဲ့ရသော ထင်မြင်ချက်များအားလုံးကို ချက်ချင်းပင် စိတ်အားထက်သန်စွာ တရဆက်ပြောတော့သည်။
Cheng Fengtai က သူကျောင်းတက်စဉ်က ကြည့်ဖူးသည့် အနောက်တိုင်းပြဇာတ်တွေက အနှစ်မရှိတဲ့အချည်းနှီးတွေဖြစ်ကြောင်း၊ ဒီပြဇာတ်ကတော့ ဘယ်လောက် ထိထိမိမိနဲ့လှပကြောင်း၊ အထူးသဖြင့် 'နှစ်တစ်ရာပန်းကလေးဟာ ခဏအတွင်း မှာဘဲ ကြွေလွင့်သွားရတယ်။ ရှားပါးအလှတစ်ပါးကလည်း ဧကရာဇ်အတွက် အသက်ကိုစတေးသွားရတယ်'ဆိုတဲ့ စာသားကို သူအကြိုက်ဆုံးဆိုတဲ့အကြောင်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ကိုသုံးသပ်ပြနေသည်။
Shang Xirui က စိတ်လှုပ်ရှားပြီး အံ့လည်းအံ့ဩသွားသည်။ သူက သက်ပြင်းချရင်း "ကျွန်တော်လည်း အဲ့ဒီစာကြောင်းကို အရမ်းကြိုက်တယ် ... ဟုတ်တယ်၊ အဲ့ဒီစာကြောင်းကို Er Ye ပဲ သတိထားမိတယ်။"
Shang Xirui ၏ နှလုံးသားသည် ဆိတ်သုဉ်းပြီး ဗလာဖြစ်နေသော်လည်း သူသည်အော်ပရာကို နှစ်ပေါင်းများစွာ ဖျော်ဖြေကျွမ်းကျင်သူဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သူသည် အမြဲ လူတွေထံမှ အသိအမှတ်ပြုမှု နှင့် စိတ်အားထက်သန်မှုတို့ကို ရယူလိုသော ဆယ်ကျော်သက်လေး ဖြစ်နေဆဲပင်ဖြစ်သည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Fiksi SejarahWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...