26. Don't You Know I'm Dating Your Boss?

23 2 0
                                    

ယနေ့တွင် Cheng Fengtai သည် စင်နောက်ခန်းတွင် ခြေထောက်ချိတ်ထိုင်ရင်း သတင်းစာဖတ်နေသည်။ ယခု သူသည် Shuiyun Tower ၏ အံ့ဖွယ်တစ်ခု ဖြစ်လာသည်။

Shang Xirui ၏ပြဇာတ်များကို နားထောင်ပြီးနောက် သူသည် နောက်ခန်းတွင် အေးအေးလူလူထိုင်ကာ သတင်းစာဖတ်ရင်း လက်ဖက်ရည်သောက်သည်။

သူက အရင်ဆုံးလာပြီး နောက်ဆုံးမှ အိမ်ပြန်လေ့ရှိသည်။ ဆိုးရွားတဲ့ ရာသီဥတုတောင်မှ သူ့ကို Shuiyun Tower ကိုရောက်မလာအောင် မတားနိုင်ပေ။

လူတိုင်းက သံသယဖြစ်နေကြသည်။ သူသည် Shuiyun Tower ရှိ အမျိုးသမီးသရုပ်ဆောင်တစ်ဦးနှင့်တိတ်တဆိတ် ချစ်မိနေပြီး ဂရုမစိုက်ဘဲ လျစ်လျူရှုထားသကဲ့သို့ ပြုမူနေသည်ဟု ထင်ကြေးပေးကြသည်။

သို့သော် သူသည် Shang Xirui နှင့်သာ စကားပြောဖြစ်ပြီး အခြားအမျိုးသမီးသရုပ်ဆောင်များအပေါ် သူ့သဘောထားမှာ အလွန်ရိုးရှင်းသည်။ အမှန်မှာ သူသည် သံသယတွေကို ရှောင်ရှားလိုသောကြောင့် သူတို့နှင့်စကားပြောရန် အနည်းငယ် ဝန်လေးနေခြင်းဖြစ်သည်။

သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ လူတိုင်းက ခန့်မှန်းလို့မရပေ။ ပျင်းရိနေတတ်သော ငှက်ကဲ့သို့ သူ့လိုချမ်းသာကြွယ်ဝပြီးငယ်ရွယ်သည့် လုပ်ငန်းရှင်သည် အစမရှိ၊ အဆုံးမရှိသော အရာများကို လုပ်ဆောင်တတ်သည်မှာ နားလည်နိုင်ဖွယ်ပင်။ ထို့အတွက်ကြောင့်ပင် သူသည် Shang Xirui နှင့်သူငယ်ချင်းကောင်း ဖြစ်နိုင်သည်။

*

Shang Xirui သည် စင်မြင့်ပေါ်မှတဆင့် ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဒီနေ့တော့ ပရိသတ်တွေက သူ့ကိုဆုကြေးတွေပါပေးတဲ့အတွက် စင်ပေါ်မှာ နာရီဝက်ကြာအောင် နေခဲ့ရသည်။

သတင်းစာဖတ်ပြီးနောက် Cheng Fengtai မှာ လုပ်စရာမရှိတော့ပေ။ ဒါကြောင့် အစေခံကို ပိုက်​ဆံ​ပေးလိုက်သည်​။

အစေခံက အလိုက်သိစွာ တစ်နှစ်စာဖတ်ရန် လုံလောက်သော ယခင်နှစ်များမှ သတင်းစာဟောင်းများကို ချက်ချင်းယူဆောင်လာခဲ့ပေးသည်။

တစ်ချိန်က Cheng Fengtai သည် စားသောက်ခြင်း၊ ကဒ်ကစားခြင်း၊ အပျော်ရှာခြင်းတို့တွင် သူ့ဘဝတစ်ခုလုံး ပုံအပ်ထားကာ သတင်းစာဖတ်ဖို့ရာ အာရုံစိုက်ရန် အချိန်နည်းနည်းသာ ရှိသေးသည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now