Mahjong အခန်းထဲသို့ဝင်သွားသော Cheng Fengtai နောက် Shang Xirui လိုက်လာခဲ့သည်။ အခန်းထဲကလူအားလုံးက ဇဝေဇဝါနဲ့ သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြသည်။ ဒီနှစ်ယောက် ဘယ်လိုဆုံစည်းလာတယ်ဆိုတာ သူတို့နားမလည်ကြဘူး။
အထူးသဖြင့် Fan Lian သူက ဒီလူနှစ်ယောက်ကို ကြည့်လိုက်ပေမယ့် ဘာမှတော့ထုတ်မပြောခဲ့ဘူး။
Huang မိသားစု၏တူက Cheng Fengtai ကိုထိုင်ခုံနေရာပေးကာ ရယ်မောလျက် သူအနိုင်ရသော်လည်း တစ်တွဲဆုံးရှုံးသည်ဟုဆိုသည်။
Cheng Fengtai က ပိုက်ဆံကိုယူလိုက်ကာ သူ့အိတ်ကပ်ထဲထည့်ပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူကတစ်စုံတစ်ယောက်အား ထိုင်ခုံယူခိုင်းပြီး သူအနားတွင် Shang Xirui အားထိုင်စေခဲ့သည်။
ဒီမြင်ကွင်းကို မြင်တဲ့လူတိုင်းက သူတို့နှစ်ယောက်ကို ငေးတာကို အဆုံးမသတ်နိုင်ကြဘူး။
Cheng Fengtai က သူ့ပါးစပ်ထဲ စီးကရက်တစ်လိပ်ကိုထည့်ပြီး "Shang Laoban မင်း Mahjong ကစားတတ်လား" ဟုမေးသည်။
"တကယ် မကစားတတ်ဘူး။" ဟု Shang Xirui ကပြန်ဖြေသည်။
"ပြသနာမရှိဘူး၊ ငါ့ကို တစ်ခါတစ်ခါ ကဒ်ပြားလေး ထိပေးရင်ရပြီ" ဟုဆိုသည်။
Shang Xirui သည် Cheng Fengtai အတွက် Mahjong ကျောက်တုံးကိုမထိပေးရဲပါ။ ဒီလူတွေဟာ ပိုက်ဆံအများကြီးကို လွယ်လွယ်သုံးလွန်းသည်။ Mahjong စားပွဲပေါ်တွင်တင်ထားသော လောင်းကစားငွေသည် လများစွာအတွက် သူ၏ဝင်ငွေနှင့်ညီမျှသည်။
Cheng Fengtai ပြောတာက "ဒါက အဆင်ပြေပါတယ်။ မင်းကထိရုံပဲ။ အရင်ကလဲ ရှုံးနေပြီးသား ထပ်ရှုံးလဲမထူးတော့ဘူး"
Fan Lian ကလည်း ပြောင်ပြောင်တင်းတင်းပြောလိုက်တာက "အမှန်ဘဲ Rui Ge ကတစ်ခုရွေးပြီး ငါ့ယောက်ဖကို ရှုံးအောင်လုပ်လိုက်ရုံဘဲ"
Shang Xirui သည် Mahjong ကျောက်တုံးကို မထိမီခဏတွန့်ဆုတ်နေခဲ့သည်။
Cheng Fengtai က သူ့လက်ဖဝါးနောက်ကွယ်မှကျောက်တုံးကိုကြည့်လိုက်ပြီး ရုတ်တရက် ပျော်ရွှင်သွားသောမျက်နှာဖြင့် "ကျောက် ၄၀၀၀၀ ဟူး" ဟုဆိုကာ ရယ်မောပျော်ရွှင်နေသည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
HistoryczneWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...