Lao Ge သည် ကားကို ပုံမှန်ရပ်နေကျနေရာ၌ ရပ်လိုက်သည်။ Cheng Fengtai သည် Shang Xirui ကို လမ်းကြားလေးမှတဆင့် ဇာတ်စင်အနောက်ခန်းသို့ လိုက်ပို့သည်။ Shang Xirui က ပြုံးပြီး "ကျွန်တော် စင်နောက်ကိုသွားရင် ဒီလမ်းက တစ်ခါမှမဖြတ်ဖူးဘူး၊ ခင်ဗျားကတောင် ဒီနေရာကို ကျွန်တော့်ထက် ပိုရင်းနှီးနေသလိုပဲ။"
ထိုလူနှစ်ယောက် တံခါးဆီသို့ လျှောက်လာစဉ် အဝတ်လဲခန်းအတွင်း လူကြီးများ၏ ဆူပူကြိမ်းမောင်းသံ၊ ကလေးငိုသံနှင့် အမျိုးသမီးများ အချင်းချင်းအော်ဟစ်သံများ ကျယ်လောင်စွာ ကြားလိုက်ရသည်။ တစ်ခုခုမှားနေပြီဆိုတာ သူတို့ ချက်ချင်းသိလိုက်သည်။
Shang Xirui သည် ဤကဲ့သို့သော လေထုကို ကျင့်သားရနေခဲ့ပြီး စိတ်မပူတော့ဘဲ သက်ပြင်းသာချလိုက်ကာ "Er ye အထဲမှာ ပရမ်းပတာတွေဖြစ်နေတယ်၊ ဘယ်လိုလုပ်မလဲ"
Cheng Fengtai က စင်နောက်ဖက် ရန်ဖြစ်တဲ့ရှိုးကို တိုက်ရိုက်ကြည့်ဖို့ စိတ်မ၀င်စားဘဲ "မင်းသီချင်းဆိုတာပြီးတဲ့ထိ စောင့်နေမယ်လေ၊ ပြီးရင် မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်။"
Shang Xirui က Cheng Fengtai ရဲ့စကားကြားတော့ ဝမ်းသာအားရနဲ့ "ကျွန်တော့်ကို စင်နောက်မှာ ထိုင်စောင့်နေမှာလား"
"စင်နောက်ဖက်အစား ထိုင်ခုံတန်းကိုသွားပြီး ပြပွဲကြည့်မယ်လေ။ Shang Laoban အတွက် Qingfeng မှာ သီးသန့်အခန်းတစ်ခန်းကို ကြိုမှာထားပြီးသား။ ပွဲမစခင် မင်းနဲ့ခဏလောက် အဖော်ပြုပေးမယ်၊ အဆင်ပြေလား"
Shang Xirui ကပြုံးကာ ခေါင်းညိတ်ပြပြီး တံခါးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။ "ဘာဖြစ်ကြတာလဲ၊ နင်တို့တွေ ဘာကိစ္စ ငြင်းခုံနေကြတာလဲ"
Cheng Fengtai က သူ့နောက်ကနေပြီး အထဲကို လိုက်ဝင်သွားသည်။
*
Shang Xirui ၊ Shuiyun မျှော်စင်ကို စီမံရတဲ့နောက် အဖွဲ့ထဲမှာ စည်းကမ်းတစ်ခုပဲရှိသည်။အဲ့တာက ပွဲမစခင် သူတို့အားလုံး စောစောစီးစီး လာရမည်။ ယခုအချိန်တွင် အဝတ်လဲခန်းထဲ၌ တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြသူများနှင့် ပြည့်နေသည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Historical FictionWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...