အချို့သော အသုံးအနှုန်းများ
- Lao Fujin : Qing မင်းဆက်တွင် Manchu မှူးမတ်တို့၏ ဇနီးကို Fujin ဟုခေါ်သည်။ "Lao" ဆိုသည်မှာ အသက်ကြီးသူကိုဆိုလိုခြင်းဖြစ်သည်။
- Lao Foye : မိဖုရားခေါင်မယ်တော်ကြီး (သို့) ဧကရာဇ်မင်းမြတ်၏ခမည်းတော်အား ဂုဏ်ပြုခေါ်ဝေါ်သော ဘွဲ့နာမည်ဖြစ်သည်။ (Eg: Empress Dowager Cixi ကိုခေါ်ကြသည်။)
- Wang Ye : Ming မင်းဆက်မှ ထွက်ပြေးလာသူအချို့တို့၏ မင်းသားဘွဲ့ဖြစ်သည်။
- Beile : Beile (贝勒) သည် Wang အောက်တစ်ဆင့်နိမ့်သော မင်းသားဘွဲ့ဖြစ်သည်။
***
ယနေ့ Shang Xirui သည် An Wangye အိမ်ရှိ အစည်းအဝေးခန်းမတွင် သီချင်းဆိုရမည်ဖြစ်သည်။
စဉ်းစားကြည့်ပါက Cheng Fengtai နှင့် An မိသားစုသည် လုံးဝအဆက်အစပ်မရှိပေ။ သို့သော် Fan မိသားစုမှအမျိုးသမီး (Cheng ရဲ့ဇနီး) သည် Lao Fujin အား သူမ၏ခေါင်းကိုင်မိခင်အဖြစ် သတ်မှတ်ထားသည်။ တရုတ်နှစ်ကူးတိုင်း Fan မိသားစုသည် An မိသားစုအိမ်ကို အလေးထား လာရောက်လေ့ရှိသည်။
Cheng Fengtai သည် ထိုကဲ့သို့သောကိစ္စများကို လုံးဝဂရုမစိုက်ပေ။ An Wangye တွင် မထင်မှတ်ထားလောက်အောင် ကြီးမားသော မြေကွက်များအပြင် တိမ်များကဲ့သို့ များပြားလှသော နွားများနှင့်သိုးများလည်းရှိသည်။ Cheng Fengtai နှင့် An Wangye ၏ဆက်ဆံရေးသည် စီးပွားရေးအတွက်သာဖြစ်သည်။
အမှန်တော့ Cheng Fengtai သည် ၎င်းတို့အား ဒူးထောက်ရင်း အရိုအသေပေးမည့်သူကို စောင့်မျှော်နေပုံရသည့် Qing မင်းဆက်၏ အမျိုးအဆွေလက်ကျန်တွေကို မကြိုက်ပေ။
Shang Xirui ကြောင့်သာမဟုတ်ရင် Lao Fujin ရဲ့မွေးနေ့ကို ရောက်လာမှာမဟုတ်ဘဲ လက်ဆောင်တွေပဲပို့ပေးမှာ ဖြစ်သည်။
*
မွေးနေ့ပွဲကို နေ့လည်ခင်းမှာ စတင်ကျင်းပပြီး နေ့လည်စာမလွတ်စေရန်အတွက် Cheng Fengtai က အမှီလာခဲ့သည်။
An Wangye သည် အလွန်သိတတ်လိမ္မာသော သားလေးဖြစ်ပြီး သူ့မိခင်မွေးနေ့တွင် ဧည့်သည်များကို နှုတ်ဆက်ရန်အတွက် ခန်းမအပြင်ဘက် လှေကားထစ်တွင် ကိုယ်တိုင်ကိုယ်ကျရပ်စောင့်နေခဲ့သည်။ Cheng Fengtai ကိုမြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ဒုတိယသခင်လေး Cheng အား ဤပွဲ၌ တွေ့ရမည်ဟု မျှော်လင့်ထားပုံမရပေ။ သူသည် Cheng Fengtai ကို Fan Lian တို့ထိုင်ခုံဆီသို့ လမ်းညွှန်ပေးပြီး သူတို့ချင်းသာ စကားပြောနေစေသည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Ficción históricaWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...