19.Night Talks

21 3 0
                                    

Cheng Fengtai နှင့် Shang Xirui သည် ဘေးချင်းယှဉ်လျက် စောင်တစ်ထည်ထဲကိုအတူခြုံထားပြီး ခေါင်းအုံးတစ်လုံးထဲကို အတူအုံးကာ ကုတင်ပေါ်တွင် ကျကျနန လှဲလျောင်းနေသည်။

Cheng Fengtai က ဤဆက်ဆံရေးတွင် Shang Xirui ၏သဘောသဘာဝပုံစံအစစ်ကို မသိသေးပေ။ ယခုဆိုလျှင် Shang Xirui က အခြားလူတွေနေရာမှာအစားဝင်လာပြီး သူ့ဘေးတွင် နူးနူးညံ့ညံ့လေး တိတ်ဆိတ်အေးချမ်းစွာ လှဲအိပ်နေခဲ့သည်။ Cheng Fengtai သည် ဆာလောင်နေသော ဝံပုလွေအဖြစ်သို့ အချိန်မဆိုင်း ပြောင်းလဲပြီး သူ့ကိုစားပစ်လိုက်လို့ရသည်။ Shang Xirui နဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ရှည်သည်းခံမှုတွေက ဤမျှသာဖြစ်သည်။

အချစ်အကြောင်းတွေ၊ စာပေအကြောင်းတွေ တစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောကြတာတွေက ဘယ်လိုပဲဖြစ်ဖြစ် တွေးကြည့်ရင်တောင် ရယ်စရာကောင်းနေသည်။ သူက အမဲသားစတိတ်နှင့်စပျစ်ဝိုင်သောက်ပြီး ဓနဥစ္စာတွေအကြောင်းသာ စိတ်ဝင်စားသောသူဖြစ်သည်။ ဒီနံစော်နေတဲ့မြို့ထဲမှာ ကြေးနီကြောဘယ်နေရာမှာဆိုတာကိုတောင် အနံ့ခံနိုင်သည်။ ဒါတောင် သူကဘယ်လိုမှမအပ်စက်တဲ့ ဒီအချိုးမပြေတဲ့လူငယ်လေးနဲ့တောင် ချစ်ကျွမ်းဝင်လိုက်သေးသည်။

Fan Lian သာ ထိုစကားကိုကြားလျှင် ချက်ခြင်းသွေးအန်သွားနိုင်သည်။

"Shang Laoban မင်းကကိုယ့်ကို ဘာလို့သဘောကျတာလဲလို့ အမြဲမေးတယ်" Cheng Fengtai က "ကိုယ် .... မင်းအမအတွက် အသက်တောင်အသေခံနိုင်တယ်လို့ ပြောခဲ့တဲ့အချိန်က မင်းရဲ့စစ်မှန်တဲ့ခံစားချက်တွေက ကိုယ့်နှလုံးသားထဲ ဝင်လာခဲ့တယ်လို့ထင်တာဘဲ"

Shang Xirui သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး "ခုထိလည်း ကျွန်တော့်ပြောခဲ့တာကို ပြန်မရုပ်သိမ်းသေးပါဘူး" ထို့နောက် ခေတ္တရပ်တန့်သွားကာ "အစကတည်းက အဲဒီလူအတွက်ပဲ" ဟုဆက်ပြောသည်။

Cheng Fengtai ကစိုးရိမ်သွားသလို နောင်တအချို့လည်းရှိသည်။ "အဲ့ဒီ့လူက ကိုယ်ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။ မင်းကို ပါးစပ်ထဲမှာတောင် ငုံထားချင်တယ်။ နည်းနည်းလေးတောင် ဝမ်းမနည်းစေချင်ဘူး။ ဒါက အရမ်းကို နာကျင်ရတယ်၊ အရမ်းနာကျင်ရလွန်းလို့ နှလုံးသားတောင်ကွဲပျက်သွားသလို ခံစားရတယ်"

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now