Cheng Fengtai သည် အတင်းအဖျင်းတွေကို နားထောင်ပြီး အတင်းအဖျင်းတွေပြောရတာကိုလည်း နှစ်သက်သည်။ ထိုအကျင့်သည် သူ့စရိုက်လက္ခဏာနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သည်။
နောက်တစ်နေ့ နေ့လည်တွင် Fan Lian အား အမျိုးသမီးတစ်ဦး၏အိပ်ယာထဲမှ ဆွဲထုတ်လာကာ Xiangshan တွင် Shang Xirui နှင့် စကားပြောဖြစ်ခဲ့သည့်အကြောင်းကို ပြန်ပြောပြလို၍ ကော်ဖီဆိုင်သို့ ခေါ်လာသည်။
"ငါတကယ်ကို မမျှော်လင့်ထားဘူး" Cheng Fengtai က ခေါင်းခါကာ သက်ပြင်းချပြီး ဆက်ပြောသည်။ "Shang Xirui ကို စိတ်ထားကောင်း၊ နူးညံ့ပြီး အရမ်းစိတ်ရှည်မယ်လို့ တကယ်ကို မမျှော်လင့်ထားဘူး။ ငါဘယ်လောက်ကြမ်းတမ်းတဲ့စကားတွေ ပြောခဲ့လဲဆိုတာ မင်းမသိဘူး။ ဒါပေမဲ့ သူကနည်းနည်းလေးတောင် စိတ်မဆိုးဘူး"
Fan Lian သည် သူ၏နွေဦးအိပ်မက်လေးမှ မနိုးသေး။ မျက်ခွံများ လေးနေကာ ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး "သူက စိတ်ရှည်တယ်တဲ့လား ဟားဟားဟား ... မင်း သူ့ကို Pingyang မှာတုန်းကမှ မတွေ့ဖူးတာ!"
Fan Lian သည် ကော်ဖီခွက်ကိုချကာ ပေါင်မုန့်ကို အကြီးကြီးတစ်ကိုက် ကိုက်လိုက်ကာ "ယောက်ဖရာ မင်းက ချမ်းသာပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ယောက်ဘဲ၊ ဘယ်လိုလုပ် စိတ်ဆိုးမှာလဲ။ သူ့ဘာသာ ဘယ်လောက်ပဲ သန်မာတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ မင်းကိုတော့ ဘယ်လိုလုပ် စော်ကားရဲမှာလဲ"
Fan Lian ပြောတာလည်းမှန်ပေမယ့် Cheng Fengtai ကဝန်မခံချင်ဘဲ စီးကရက်ကို မီးညှိကာ "Jiang Mengping နဲ့ Shang Xirui တို့ကြားက စကားတွေကို မင်းသိလား။ Jiang Mengping က သူ့မောင်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောခဲ့တယ်"
Fan Lian က သူ့မုန့်ကို မျိုချလိုက်ပြီး ခဏလောက် ရပ်လိုက်ကာ သက်ပြင်းချသည်။ "အဲ့ဒါက Chang Zhixin နဲ့ပတ်သက်လို့မြင်ရတဲ့ Jiang Mengping လေ၊ မင်း ခုမြင်နေရတဲ့ Jiang Mengping မဟုတ်ဘူး "
ပထမတော့ Cheng Fengtai က Jiang Mengping ကို အေးစက်ပြီး လူတွေကို နာကျင်အောင်လုပ်လို့ အပြစ်တင်ချင်ပေမဲ့ ဒီစကားကိုကြားတော့ Jiang Mengping က အချစ်ကြောင့် အမှားလုပ်ခဲ့တာလို့တွေးပြီး သူနည်းနည်းစိတ်သက်သာရာရသွားသည်။ "Shang Xirui က ရူးမိုက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် Jiang Mengping နဲ့ Chang Zhixin က အရွယ်ရောက်တဲ့သူတွေလေ။ လူကြီးနှစ်ယောက်က ပြဿနာကို ကောင်းကောင်းမဖြေရှင်းတတ်ခဲ့ဘူးလား"
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Ficção HistóricaWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...