ဖေဖော်ဝါရီလကုန်ပိုင်းတစ်ညတွင် Cheng Fengtai သည် mahjong ကစားသည့်အိမ်သို့ နောက်ကျပြီးရောက်လာခဲ့သည်။ အိမ်ထဲသို့ဝင်သောအခါ စားပွဲအားလုံး ပြည့်နေသည်ကို တွေ့လိုက်ရသည်။
Shang Xirui သည် ပါးလွှာသော မြေခွေးသားမွေးများ ကော်လံအတွင်းကွက်လပ်မှ ထိုးထွက်နေသော အနီရင့်ရောင် နှစ်ဖက်လှပိုးသားဂျက်ကက်ကို ဝတ်ဆင်ထားသည်။ သူသည် အိမ်တော်တစ်ခုမှ သခင်လေးနှင့်ပင် တူနေသေး၏။ သူသည် အခြားသူများနှင့် mahjong ကစားခဲသည်။
Cheng Fengtai က အံ့အားသင့်စွာဖြင့် "Eh Shang Laoban! Mahjong ကစားနေတယ်?"
Cheng Fengtai ကိုမြင်သောအခါ Shang Xirui ကပြုံးပြီး "Er Ye လာ၊ ငါ့အတွက် တစ်ကတ်ထိပေး" ဟုဆိုကာ သူ့အနားကိုခေါ်သည်။
ဒီစကားကိုကြားတော့ အားလုံးက Cheng Fengtai ဘက်ကို မျှော်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် Cheng Fengtai က ဒီလှည့်ကွက်ကို အလှလေးတွေနဲ့ ရင်ခုန်စရာကောင်းအောင် ဖန်တီးသည့်အခါတွင် အမြဲသုံးနေတာကြောင့်ဖြစ်သည်။ ယခု ဖြစ်ရပ်ကတော့ ပြောင်းပြန်ဖြစ်နေပြီး အလှလေးက သူ့အကွက်ကို သုံးနေခြင်းဖြစ်သည်။
Cheng Fengtai က သူ့လက်အိတ်ကို ဖြုတ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကိုပွတ်ကာ အနားကို တိုးလာသည်။ သူသည် Shang Xirui ထိုင်ခုံနောက်ဘက်တွင် သူ့ဘယ်ဘက်လက်ကိုထားပြီး သူ့ညာလက်ဖြင့် Mahjong ကျောက်တုံးကို ထိရန် ငုံ့လိုက်သည်။
Shang Xirui သည် Cheng Fengtai ခန္ဓာကိုယ်မှ ခံတွင်းသန့်စင်ရည်အနံ့ကဲ့သို့သော အေးစက်သောစီးကရက်နံ့မျိုး ကိုရသည်။ ထိုအနံ့အသက်ကို သူသဘောကျသည်။
Shang Xirui ဘေးမှာထိုင်နေတဲ့ တစ်ယောက်က သူ့ကတ်ကိုဖွင့်လိုက်ပြီး "ဟူး!" ဟုအော်လိုက်သည်။
Cheng Fengtai က "အိုး၊ Cheng က Shang Laoban အတွက် ကံကောင်းခြင်းတွေ မယူဆောင်နိုင်ခဲ့ဘူး၊ အပြစ်လုပ်မိပြီ" လို့ ပြောပြီး သူ့လက်မှရတနာလက်စွပ်ကို ဖယ်ရှားပြီး Shang Xirui ရဲ့ လက်ထဲထည့်လိုက်သည်။ "ဒါကြောင့် သူ့ကို အပြစ်ပေးရမယ်"
Shang Xirui က တခြားသူတွေဆီက လက်ဆောင်တွေကို ဘယ်တော့မှ ငြင်းလေ့မရှိ။ ပေးတဲ့သူရဲ့လက်က အနွေးဓါတ်ရှိနေဆဲဖြစ်တဲ့ ရွှေလက်စွပ်ကို ပွတ်ပြီး ပြုံးလိုက်သည် "ငါတို့တွေ့တာ ဘယ်လောက်မှတောင်မကြာသေးဘူး၊ Er Ye ဆီက လက်စွပ်နှစ်ကွင်းရနေပြီ"
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Ficción históricaWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...