8. Show at the Chamber of Commerce (2)

12 2 0
                                    

Shang Xirui သည် Zhuge Liang အဖြစ် စင်မြင့်ပေါ်တက်ခဲ့သည်။ ပထမဦးဆုံး Cheng Fengtai က သူ့ကို မမှတ်မိသော်လည်း အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် သူသည် Shang Xirui ဆိုတာကို မှတ်မိသွားသည်။ 

Cheng Fengtai က သရုပ်ဖော်မှုကိုနားမလည်ပေမဲ့ Shang Xirui ရဲ့ကြီးကျယ်ခမ်းနားမှုကိုသူသိသည်။  

Shang Xirui သည် ထိပ်တန်းရုပ်ရှင်ကြယ်ပွင့်တစ်ဦးနှင့်တူပြီး သူ၏ရုပ်ရည်နှင့်အမူအကျင့်များသည် သူ့ဇာတ်ကောင်များနှင့် အလွန်ဆင်တူကိုက်ညီသည်။

ဝတ်စုံများကိုလဲပြီးနောက် စင်မြင့်ပေါ်သို့တက်လာပြီး ပရိသတ်တွေကို လက်ပြနှုတ်ဆက်နေပုံများသည် Zhuge Liang ၏ပုံရိပ်တို့ကိုပြန်လည်ရှင်သန်စေခဲ့သည်။

ဒါပေမယ့် Zhuge Liang ဟာ စင်ပေါ်မှာပြသနာကြုံနေရပုံ။ Hu Qin တီးတဲ့ ဂီတပညာရှင်က သူ့အသံကိုမလိုက်နိုင်ခဲ့ဘူး။ မြင်းရိုင်းတစ်ကောင်လို လွတ်နေပြီး ရုတ်တရက်ပေ ၉၀၀၀၀ အထိမြင့်တက်သွားလိုက် ပေ ၃၀၀၀ လောက်ကျဆင်းသွားလိုက်နှင့် Shang Xirui မှာ တော်တော် ခက်ခက်ခဲခဲဖြင့် သီဆိုနေခဲ့ရသည်။ 

ဝန်ကြီး Jin နှင့်ပြဇာတ်ကိုနားလည်သဘောပေါက်သောဧည့်သည်တော်များသည် မျက်မှောင်ကြုတ်လာကြသည်။ ဒီပွဲဟာ Commander Cao အတွက် ကျင်းပတဲ့ပွဲသာ ဖြစ်မယ်ဆိုရင် Hu Qin တီးတဲ့သူဟာ ဆွဲထုတ်ခံရပြီးသေနတ်နဲ့ပစ်သတ်ခံရမှာဖြစ်သည်။

အကျော်ကြားဆုံးဇာတ်ဝင်ခန်းနေရာသို့ ရောက်သောအခါ Zhuge Liang က "ငါက Wolong Gang(1) က သာမန်လူသားတစ်ယောက်ပါ" ဟုပြောသည့်အခါ Hu Qin ကစားသမားသည် ဖြည်းဖြည်းနှေးနှေးဖြင့် တီးခတ်သင့်သော်လည်း သူ၏စွမ်းရည်ကိုကြွားဝါပြသလိုမှု ပြင်းထန်စွာရှိခဲ့ဟန်ရှိသည်။ Shang Xirui မှာ ကြားဖြတ်ဖုန်းဖိဖို့ရာ အခွင့်မသာခဲ့ဘူး။ 

သို့သော် ဒါထက်ကျော်လွန်၍ ဝန်ခံရမည်မှာ He Shaoqing တပည့်ဟောင်း၏စွမ်းရည်သည်အမှန်ပင်ထူးခြားသည်။ ကြွားဝါမှုကိုစိတ်ကျေနပ်မှုအပြည့်ရပြီးတဲ့နောက် Hu Qin တီးသမားသည် မူလအသံကိုပြန်ပြောင်းတီးခတ်သည်။ သို့သော် Shang Xirui က သီဆိုမှုကို ရပ်လိုက်သည်။

Hu Qin ကစားသမားကိုဘက်လှည့်၍ သူ၏မုတ်ဆိတ်ကိုဖယ်လိုက်ပြီး "ဒီလိုမျိုးတွေလုပ်နေရင် အဆင်မပြေဘူး"

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now