4. A Hero Save A Damsel in Distress

32 5 0
                                    

ပြပွဲအား စိတ်ဝင်တစားကြည့်ရှုသူ အများစုမှာထွက်ခွာသွားကြပြီဖြစ်သည်။ Shang Xirui ကိုစွဲလမ်းကြသည့် အမာခံပရိတ်သတ် အနည်းငယ်သာကျန်ရစ်သည်။

အဆာပြေဧည့်ခံထားသော မုန့်ပန်းကန်များသည် တစစီကျကွဲနေပြီး ရေနွေးအိုးထဲမှ လက်ဖက်ရည်များလဲ အေးလာသည်။ ခန်းမမှာလဲ အလွန်ရှုပ်ပွနေသည်။

ပရိသတ်များသည် ထန်ဧကရာဇ်မင်း မင်(1) နှင့်တူသည်။ ချစ်နေတုန်းမှာတော့ ဖူးဖူးမှုတ်ထားကြသည်။ သို့သော် သွေးအေးသွားသောအခါ ကိုယ်လုပ်တော်သည် အပယ်ခံနန်းဆောင်တွင် တစ်ယောက်တည်း ပစ်ထားခံရသည်။

ကိုယ်လုပ်တော် Yang Guifei အဖြစ် သရုပ်ဆောင်ခဲ့သော Shang Xirui သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေ။ မည်သူမျှ နားမထောင်လည်း သူဆက်လက်သီဆိုသည်။

Yang Guifei သေရည်သောက်မည့် ဇာတ်ဝင်ခန်းသို့ရောက်လုခင်တွင် အဝတ်အစားအတိုနဲ့ လူတစ်ယောက်က ရေနွေးတစ်အိုးယူကာ Cheng Fengtai ဘေးမှ အလောတကြီး ဖြတ်သွားပြီး ၎င်းကို စင်မြင့်ပေါ်သို့ ပစ်လိုက်သည်။ ရေနွေးအိုးတွင်းရှိ ရေပူများသည် Shang Xirui ၏ခြေထောက်ပေါ်သို့ ကျဆင်းသွားသည်။ 

"မင်း ဖွားအေကိုဘဲ ဆိုခိုင်းလိုက်၊ အရှက်မရှိတဲ့ မိန်းမ"

Sheng Ziyun က ဒုတိယထပ်မှ "Xirui!"  ဟု စိုးရိမ်တကြီး လှမ်းအော်မိသည်။

Shang Xirui က နောက်သို့တစ်လှမ်းဆုတ်ပြီး ထိုလူကို တစ်ချက်သာကြည့်ကာ သီချင်းကိုဆက်လက်သီဆိုသည်။ Huqin တီးသူများကလဲ Shang Xirui ၏သီဆိုမှုကို အမှီပြန်လိုက်ရသည်။ 

ဒါဟာ စည်းမျဉ်းတစ်ခုလဲ ဖြစ်တယ်။ Jiao er သီဆိုနေသမျှကာလပတ်လုံး Huqin တီးခတ်သမားများသည် ဆက်လက်၍ တီးခတ်ရမည်ဖြစ်သည်။ သူက ဓားနဲ့ထိုးခံရပြီး စင်ပေါ်မှာသွေးတွေ အိုင်နေရင်တောင် Huqin သမားတွေနဲ့ဘာမှမဆိုင်ဘူး။

Shang Xirui သီချင်းဆိုတာကို ရပ်တန့်အောင် မလုပ်နိုင်တော့ ထိုလူရဲ့ ဒေါသတွေဟာ တစတစ ကြီးထွားလာပြီး စင်ပေါ်ခုန်တက်ကာပင် ရိုက်ချင်လာသည်။

ထိုလူက Shang Xirui ဇာတ်ညွှန်းပြောင်းပြီး တင်ဆက်တာကို မကျေနပ်ဘဲ သင်ခန်းစာပေးချင်နေတာကို Cheng Fengtai ကောင်းကောင်း သဘောပေါက်သည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now