9. Going Out for Lunch

14 1 0
                                    

နှစ်သစ်ကူးပိတ်ရက်ပြီးသောအခါ ဈေးကွက်အတွင်းရှိဈေးဆိုင်များသည် တစ်ဖန်ပြန်စည်ကားလာပြီး အဖွဲ့ဝင်များလည်းပြန်ရောက်လာပြီဖြစ်သဖြင့် ပုံမှန်အတိုင်း တက်ကြွစွာလှုပ်ရှားနေကြသည်။ 

Fan Lian ၏ ပြီးခဲ့သည့်နှစ်ကုန်မှ နှစ်ပတ်လည်အစီရင်ခံစာကိုလည်း စစ်ဆေးရန်အတွက် တင်သွင်းခဲ့ပြီးဖြစ်သည်။ Fan Lian သည် ကစားပွဲများတွင် အချိန်ဖြုန်းတာများနေသောကြောင့် အလုပ်နောက်ကျနေခဲ့ပြီး ယခုသူသည် အလုပ်များနေခဲ့သည်။

Cheng Fengtai တစ်ယောက်တည်းသာ အားလပ်ရက်တွင် အပန်းဖြေရင်းနေဆဲဖြစ်ပြီး သူ့အားလပ်ရက်အနားယူချိန်တွင် ဘယ်သူမျှသူ့ကိုအနှောင့်အယှက်မပေးရဲချေ။

Fan Lian အလုပ်များသောကြောင့် Cheng Fengtai နှင့် အတူဆိုးသွမ်းရန် အဖော်မရှိပေ။ သူက တစ်ယောက်တည်းပျော်ရတာကို မကြိုက်ဘူး။

သူငယ်ချင်းတစ်ဦးအိမ်တွင် ပြဇာတ်ကြည့်ရန် သူသည် အရှေ့ဘက်မှအနောက်ဘက်သို့ ခရီးထွက်ခဲ့သည်။ ပြဇာတ်ကို သူနားမလည်ခဲ့သော်လည်း ထိုအရာက သူ့အား Shang Xirui ကိုသတိရစေသည်။

ကံမကောင်းစွာဖြင့် စင်ပေါ်ရှိ အဆိုတော်မှာ Shang Xirui လို ရှင်းလင်းပြတ်သားသောအသံမရှိခဲ့ပေ။ သူ၏ပုံပန်းသဏ္ဌာန်မှာလည်း Shang Xirui လိုကြည့်မကောင်းလှ။

သူ့လက်အင်္ကျီစကို ဖြဲမိတဲ့နေ့ကတည်းက သူတို့နှစ်ယောက်ဟာ ဒီရက်သတ္တပတ်အနည်းငယ်အတွင်း တစ်ယောက်ကိုတစ်ယောက်မတွေ့ဖြစ်ကြဘူး။ မင်းသားလေးက သူ့ကိုတကယ်ဘဲ မုန်းသွားပြီလား။ 

Cheng Fengtai က Shang Xirui ကို နေ့လည်စာစားဖို့ ဖိတ်ခေါ်ပြီး တောင်းပန်ဖို့ စဉ်းစားခဲ့သည်။ သူ့င်္အကျီလက်ပြဲသွားတုန်းက သရုပ်ဆောင်ကလေးငယ်ရဲ့မျက်နှာက အံ့သြတုန်လှုပ်သွားပြီး အလွန်ချစ်စရာကောင်းသည်ဟု Cheng Fengtai ကထင်သည်။ သည်လိုမြင်ရတာကိုလဲ Cheng Fengtai ကသဘောကျသည်။

Shang Xirui ၏ ပွဲအများစုသည် Qinfeng ပြဇာတ်ရုံတွင်သာ ကျင်းပလေ့ရှိသည်။ အဘယ်ကြောင့်ဆို​သော် သူကဇာတ်ညွှန်းကို ပြောင်းလဲလိုသောကြောင့်ဖြစ်သည်။ Qinfeng ပြဇာတ်ရုံသည် ခေတ်မှီပြီး ဇာတ်ညွှန်းပြောင်းလဲမှုကို သည်းခံပေးနိုင်သည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now