7. Show at the Chamber of Commerce (1)

21 2 0
                                    

Huang မိသားစုတွေ့ဆုံပွဲမှာ ဆုံပြီးနောက် Cheng Fentai သည် Shang Xirui နှင့် ပါတီများစွာတွင် အကြိမ်ကြိမ်တွေ့ဆုံခဲ့သေးသည်။ များသောအားဖြင့် သူတို့သည်တစ်ဦးကိုတစ်ဦး နှုတ်ဆက်ပြီး အနည်းငယ်ရယ်မောကြမည်။

Shang Xirui သည် Mahjong ကိုစတင်ကစားခဲ့သည်။ သို့သော်သူသည် စွဲလမ်းနေခြင်းတော့ မဟုတ်ပေ။ နောက်အကြောင်းရင်းတစ်ခုမှာ သူရှုံးနိမ့်မည်ကိုကြောက်သောကြောင့်ဖြစ်သည်။ အသက်ကြီးကြီး မိန်းမအချို့နှင့် ကစားတုန်းက တစ်ကြိမ်ရှုံးခဲ့ဖူးသည်။ သူ့ကို ရက်ပေါင်းများစွာ သီချင်းဆိုရန် အတင်းအကျပ်စေခိုင်းခြင်းခံခဲ့ရသည်။

တကယ်တော့သူဟာ သူရဲ့ငွေကို မတွက်ချက်တဲ့ လူတစ်ယောက်ဖြစ်သည်။ သူ့ရဲ့ဝင်ငွေတစ်ခုလုံးကို သူ့ရဲ့အကူ Xiao Lai က ထိန်းချုပ်ထားသည်။ ထိုလောင်းကစားအတွက် ငွေထုတ်ယူသည့်အခါတိုင်း သူမမျက်နှာသည် အမြဲတမ်းကြောက်စရာကောင်းသည်။ Shang Xirui သည် နာခံရုံကလွဲလို့ မတတ်နိုင်ပါ။ 

Cheng Fengtai သည် ထိုပြသနာနှင့်ပတ်သက်၍ နားလည်သည်။ ထို့ကြောင့် သူနှင့် Shang Xirui တို့ Mahjong ကစားရန် စားပွဲတစ်ခုထဲ၌ထိုင်မိလျှင် ဒီကလေးငယ် ငွေမဆုံးရှုံးစေရန် သူတတ်နိုင်သမျှ ကြိုးစားပေးသည်။ Shang Xirui က ဒီအချက်ကိုတော့ မသိခဲ့ဘူး။ အဲဒါကြောင့်လည်း Shang Xirui က Cheng Fengtai နဲ့အတူတူ Mahjong ကစားရတာကိုနှစ်သက်သည်။ 

Cheng Fengtai နှင့် Shang Xirui တို့၏ ခင်မင်ရင်းနှီးမှုသည် မမျှော်လင့်ဘဲဖြစ်သော်လည်း အဓိပ္ပာယ်ရှိသည်။ သူတို့နှစ်ဦးလုံးသည် Cheng Meixin ၏သဘောထားကွဲလွဲမှုများ ရှိသော်လည်း Cheng Meixin ၏စကားလုံးများကို သူတို့နှလုံးထဲသို့မသွင်းသရွေ့ တစ်ဦးနှင့်တစ်ဦးမိတ်ဆွေဖြစ်ရန် အလွန်သင့်လျော်သည်။ 

Cheng Meixin က သူမမောင်လေး Cheng Fengtai သူမနောက်ကွယ်တွင် Shang Xirui နှင့်မိတ်ဆွေဖြစ်နေခဲ့သည်ကိုပင်မသိခဲ့ပါ။ သူမသည် တပ်မှူး Cao ဘေးတွင် ဇနီးကောင်းတစ်ဦးအဖြစ် နေထိုင်နေရသည်။ ထို့အပြင် တပ်မှူး Cao ပေးသည့် သူမဂရုစိုက်ရမည့် ကလေးသုံးယောက်လည်းရှိသေးသည်။ 

သူမသည်တပ်မှူး Cao နှင့်ကလေးတွေကို စောင့်ရှောက်ရင်း အလုပ်ရှုပ်နေပြီး ဇနီးကောင်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်နေခဲ့သည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now