Shang သည် နေ့တိုင်း နံနက် ခြောက်နာရီတွင် အိပ်ရာထသည်။ မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ပြီး ခန္ဓာကိုယ်နှင့်အသံကို လေ့ကျင့်သည်။
ယခုမနက် သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ခေါင်းအုံးဘေးမှာ အိပ်နေဆဲ Cheng ကိုမြင်လိုက်ရတော့ နှလုံးသားက ချက်ချင်း
နွေးထွေးသွားသည်။ Cheng ကိုဖက်ထားလိုက်ပြီး သူ့တစ်ကိုယ်လုံးကိုလည်း ငြင်သာစွာလိုက်ပွတ်သပ်နေသည်။Cheng Fengtai သည် ညနက်နက်ဘဝများကို ကျင့်သားရနေပြီး နေ့လည်မတိုင်ခင် မထနိုင်ပေ။ မနက်ပိုင်းတော့ လူသေတစ်ယောက်လို အိပ်သည်။ သူကနှာခေါင်းတစ်ချက်ရှုံ့ပြီး Shang ရဲ့နံနက်ခင်းနှောက်ယှက်မှုကို လျစ်လျူရှုလိုက်သည်။
Shang ဆက်တိုက်ပွတ်သပ်လိုက်၊ ကိုင်လိုက်၊ ညှစ်လိုက်လုပ်နေရာက သူ့ခါးအောက်ပိုင်းက တစ်ခုခုက ဖြည်းဖြည်းချင်း မတ်တတ်ရပ်လာတာကိုခံစားလိုက်ရသည်။ ယခု ထိုအရာသည် Cheng ဗိုက်နားတွင် သွားကပ်ကာအနားယူနေသည်။ Shang က သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားရာက မလှုပ်ဝံ့တော့ပေ။ သူ အရမ်းစိတ်လှုပ်ရှားနေရသည်။ အမှောင်ဘက်ခြမ်းတွင် မကြုံစဖူးသော ပျော်ရွှင်မှုလေးလည်းရှိနေသည်။
Xiao Lai သည် တစ်နာရီရဲ့လေးပုံတစ်ပုံကျော်အောင် စောင့်နေခဲ့သော်လည်း Shang ကတော့ အခန်းထဲမှ ထွက်မလာသေးပေ။ ဒါကြောင့် သူတံခါးကို နှစ်ချက်ခေါက်ပြီး ကိုယ်လက်ဆေးဖို့ ဇလုံကိုင်ကာ အထဲကို ဝင်သွားလိုက်သည်။ ကုတင်ရှိရာကို မော့ကြည့်လိုက်တော့ သူမရှက်လိုက်တာ။ သူမ ဇလုံကိုထားခဲ့ကာ အလျင်အမြန်ဘဲ အခန်းထဲက ပြန်ထွက်သွားသည်။
Shang သည် သူ့အရာ ချောချောမွေ့မွေ့နှင့်ပြန်ဆင်းလာမည့်အချိန်ကို စိတ်ရှည်ရှည်စောင့်နေပြီးနောက် အိပ်ရာမှထကာ မျက်နှာသစ်ပြီး အဝတ်လဲလိုက်သည်။ ထို့နောက် Cheng ဘေးနားပြန်လှဲကာ နိုးများလာလေမလား Cheng မျက်နှာကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ သို့သော် Cheng ကနိုးမလာခဲ့ပေ။ Shang အလွန်စိတ်ပျက်သွားသည်။ Xiao Lai က သူ့ကို အပြင်ကနေ လေ့ကျင့်ဖို့ သတိပေးကာလှမ်းအော်လိုက်တော့ ပိုလို့တောင် စိတ်ပျက်သွားသည်။
![](https://img.wattpad.com/cover/271858270-288-k447459.jpg)
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Tarihi KurguWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...