Shang Xirui စင်နောက်သို့ ထွက်သွားပြီး မကြာမီ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး နောက်ကျပြီးမှ ရောက်လာသည်။ Beiping မြို့ရှိ Cheng စံအိမ်ပိုင်ရှင်အဟောင်းဖြစ်သူ မင်းသား Qi သည် Lao Fujin အား ဂုဏ်ပြုရန် ရောက်လာခဲ့သည်။
မင်းသား Qi သည် နိုင်ငံတော်အား ဆန့်ကျင်သည့် လူသိရှင်ကြား မှတ်ချက်များစွာ ထုတ်ခဲ့ပြီး ယခုအခါ ဥက္ကဌ Jiang ၏ ခြိမ်းခြောက်မှုများကို ရှောင်ရှားရန် Tianjin တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင် သူသည် ကျားသစ်သည်းခြေကိုစား၍ ဤနေရာတွင် သတ္တိရှိရှိ ပေါ်လာပုံရသည်။
လေးဆယ်ကျော်အရွယ် မင်းသား Qi သည် ခမ်းနားထည်ဝါသောအဝတ်အစားကို ၀တ်ဆင်ထားပြီး အစောင့်အရှောက်များစွာလည်း ခြံရံလိုက်ပါလာခဲ့သည်။
သူရောက်သည်နှင့်တပြိုင်နက် Lao Fujin အား အေးစက်နေသောကျောက်ပြားကြမ်းပြင် ပေါ်တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပေးပြီး "အန်တီ နေကောင်းရဲ့လား! ဒီတူလေးက နောက်ကျသွားတယ် စိတ်မရှိပါနဲ့!"
ဘယ်လိုစိတ်ရှိရမှာလဲ။ Lao Fujin ကို မွေးနေ့ နှုတ်ခွန်းဆက်စကားပြောဖို့ သူ့အသက်ကိုတောင် စွန့်စားပြီး လာခဲ့ရတာ။ သူသည် Lao Fujin ၏ သားထက်ပင် သိတတ်သေးသည်။
ဒါကိုမြင်တော့ Lao Fujin က အံ့လည်းအံ့ဩသွားသလို ရင်ထဲလည်းထိသွားသည်။ မင်းသား Qi သည် ခင်ပွန်းဖြစ်သူဘက်မှ တူတော်စပ်သူဖြစ်သဖြင့် သူမနှင့် ရင်းနှီးသောဆက်ဆံရေးမရှိဟု အမြဲတွေးထင်ခဲ့တာဖြစ်သည်။ မမျှော်လင့်ဘဲ ယနေ့ မင်းသား Qi သည် သူမကို အလွန်ဂရုထားပုံရသည်။
"ဒီနေ့ကို မှတ်မိဖို့တော့ ခက်နေမှာဘဲ။ လမ်းခရီးမှာ လုံခြုံရဲ့လား" ဟု Lao Fujin ကမေးသည်။
မင်းသား Qi က "ဒီမွေးနေ့ကို ဘယ်လိုလုပ်မေ့နိုင်မှာလဲ။ ဓားနဲ့ခြိမ်းခြောက်တာတောင် ဒီတူလေးက ရောက်အောင်လာမယ်။ အခု တိုင်းပြည်က မရှိတော့ဘူး။ မိသားစုထဲမှာ သက်ကြီးရွယ်အိုတွေ ရှားပါးလာတယ်။ ကျွန်တော်တစ်ယောက်တည်း အတိတ်မှာ ပိတ်မိနေတဲ့ အထီးကျန် တစ္ဆေတစ်ကောင်လိုဘဲ၊ မင်းတစ်ယောက်ထဲကပဲ ကျွန်တော့်ရဲ့အမေ၊ ကျွန်တော့်ရဲ့ကျောရိုး! ကျွန်တော် Tianjin မှာ ခဏပိတ်မိပြီး မင်းကို အလုပ်အကျွေးမပြုနိုင်လို့ နောင်တရမိပါတယ်!"
Lao Fujin ၏ဆွေမျိုးဖြစ်နေဆဲ Prince Qi ၏ ဝမ်းနည်းနေသော မျက်နှာအမူအရာနှင့် နှုတ်မှ ထွက်လာသော စကားတို့မှာ အားလုံး၏စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Historical FictionWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...