Cheng Fengtai သည် Tianqiao သို့သွားရန် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။
Shang Xirui အမြင်တွင် Cheng Fengtai ၏အဝတ်အစားများသည် မသင့်လျော်ဘူးဟုထင်သည်။ မျက်စိကျစရာကောင်းလွန်းပြီး Tianqiao ၏မြေပြင်အနေအထား၊ ဒေသယဉ်ကျေးမှုတို့နှင့် မလိုက်ဖက်ဘူးဟု ခံစားရသည်။ သို့သော် သူပြောလည်းမပြောနိုင်သလို၊ သူ့လို ရိုးရာဝတ်စုံရှည်ဝတ်ထားသည့် Cheng Fengtai ပုံကိုလည်း စိတ်ကူးမယဉ်နိုင်ပေ။
Cheng Fengtai က Lao Ge ကို အရှေ့ဘက်လမ်းကြားမှာ ကားရပ်ထားဖို့ပြောသည်။ ထို့နောက် သူနှင့် Shang Xirui အတူတူ ခြေလျင်လျှောက်ခဲ့ကြသည်။ ခြေလှမ်းတစ်ဒါဇင်လောက်သာလျှောက်လှမ်းပြီးရုံတွင် Shang Xirui က Cheng Fengtai ရဲ့လမ်းလျှောက်တုတ်ကို ရုတ်တရက်လှမ်းကိုင်လိုက်ပြီး လမ်းသွားလမ်းလာတစ်ယောက်ကို ဖြတ်ရိုက်လိုက်သည်။
Cheng Fengtai က "Shang Laoban!" ဟုအော်လိုက်သည်။ *အကြောင်းပြချက်မရှိဘဲ ဘာကြောင့် ရုတ်တရက် အရူးထရတာလဲ* ဟုသူတွေးမိသည်။
Shang Xirui သည် သူ့လက်ထဲမှ လက်ကိုင်တုတ်ကို လှလှပပလှည့်ပြီးကစားကာ ထိုယောက်ျား၏ နောက်ကျောကို ထပ်ရိုက်လိုက်သောကြောင့် ထိုသူသည် နေရာတွင်ပင် လဲကျသွားသည်။ သို့သော် ထူးဆန်းသည်မှာ ထိုလူသည် မတ်တပ်ရပ်ပြီးသည်နှင့် ဒေါသထွက်ပြီး Shang Xirui နှင့်ရန်မဖြစ်ဘဲ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
Shang Xirui က ဒေါသတကြီးနဲ့ "မင်း ပြေးဝံ့တယ်!" ဟုဆိုကာ နောက်ကလိုက်၍ ရိုက်နှက်သဖြင့် နာကျင်စွာ အော်ဟစ်နေပြန်၏။
"အား၊ ဆရာကြီးရယ်၊ တော်တော့ ရပ်ပါတော့!"
Shang Xirui က ထိုသူကို တုတ်နှင့်ညွှန်လိုက်ပြီး "မင်းပိုက်ဆံအိတ် ငါ့ကိုပေး!"
ထိုလူက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရတယ်ထင်ကာ သူ့ပိုက်ဆံအိတ်ကို လက်နှစ်ဖက်နှင့် အမြန်ကမ်းပေးသည်။
Shang Xirui က ဒေါသတကြီးနှင့် ထိုလူခေါင်းကို ဆော်လိုက်ပြီး "မင်းခိုးထားတဲ့ ပိုက်ဆံအိတ်ကို လိုချင်တာ" ဟုအော်လိုက်သည်။
Shang Xirui ပြောနေပေမဲ့ Cheng Fengtai က သဘောမပေါက်သေးပေ။ Cheng Fengtai ရဲ့ ပါးလွှာတဲ့ သားရေချက်စာအုပ်ကို ထိုသူလက်ထဲကနေ ဆွဲထုတ်ပြီးချိန်အထိ Cheng Fengtai ကသတိမထားမိခဲ့ပေ။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Historical FictionWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...