18. Full of Spring

14 1 0
                                    

ဒုတိယသခင်လေး Cheng သည် အဆိုတော် နှင့် ကချေသည်များကို စွဲလန်းလေ့ရှိသည်။ ဖျော်ဖြေရေးလောကတွင် မျက်နှာများသူအဖြစ် နာမည်ကြီးသည်။

Shang Xirui သည် တရုတ်အော်ပရာ သီဆိုသောကောင်လေးတစ်ယောက် ဖြစ်သည်။ သူသည် ငယ်ငယ်လေးကတည်းက ရှေးဟောင်းစာပေဖြင့် ကြီးပျင်းခဲ့ရသော ကလေးတစ်ယောက်ဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်ပုံစံက လန်းဆန်းသစ်လွင်ပြီး ကြော့ရှင်းသည်။ Cheng Fengtai မြင်နေကျ အနောက်တိုင်းအကသမားများ၏ အချိုးအစားနှင့် အလွန်ကွဲပြားသည်။

သို့သော် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ ပြည်တွင်းက ဒရာမာပဲဖြစ်ဖြစ်၊ နိုင်ငံခြားက ဒရာမာတွေပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ နည်းလမ်းတွေကတော့ အတူတူပါပဲ။

Cheng Fengtai သည် Shang Xirui ၏ဖျော်ဖြေပွဲတိုင်းအတွက် ရာပေါင်းများစွာသော ပန်းတွေပေးပို့လေ့ရှိသည်။ များသောအားဖြင့် ပွဲတစ်ပွဲလျှင် ပန်းခြင်းငါးခြင်း၊ ခြောက်ခြင်းလောက် Qingfeng ပြဇာတ်ရုံတံခါးအဝတွင် ထားစေသည်။ ပေးပို့သူ၏အမည်နေရာတွင် "ဒုတိယ သခင်လေး" ဟူ၍ရေးစေကာ တံခါးဝပတ်လည်တွင် ထားရန်စေခိုင်းလေ့ရှိသည်။

ဒါမျိုး ရက်အတော်ကြာအောင် လုပ်လာတဲ့နောက် Shang Xirui က အထူးတလည် ပျော်ရွှင်မပြတော့ဘဲ သိပ်ဂရုမစိုက်တော့ကာ ကျေးဇူးတင်စကားသာ ပြောသည်။

ဒါပေမယ့် Fan Lian နဲ့ကတော့ နောက်ထပ်ကိစ္စတစ်ခုပေါ့။

*

နံနက် (၁၁) နာရီတွင် Fan Lian က Cheng Fengtai ကိုအမိဖမ်းသည်။ သူစောစောလာရင် Cheng Fengtai ကမနိုးသေးဘူး၊ နောက်ကျရင်လည်း Cheng Fentai ကိုဖမ်းမမိဘူးဆိုတာ သူသိသည်။

Cheng Fengtai က သူနဲ့ဖဲမရိုက်တော့ဘူး။ Shang Xirui နဲ့ဘဲ ညတိုင်း အရုဏ်တက်ချိန်ထိ နှလုံးသားချင်း စကားပြောနေတော့သည်။

အေးတဲ့နေ့တွေမှာ သူတို့နှစ်ယောက်စလုံး Houhai ရေကန်မှာ နှာခေါင်းရဲရဲ၊ နားရွက်အေးအေးလေးတွေနှင့် လမ်းလျှောက်လေ့ရှိကြသည်။ ထွေရာလေးပါး အကြောင်းအရာတွေအများကြီးပြောကြပြီး နောက်သူတို့ အိမ်ပြန်ရောက်လျှင် သန်းခေါင်ယံအချိန်ရောက်နေတတ်သည်။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now