Hu Ji ခေါက်ဆွဲဆိုင်က မထွက်ခွာမီ သူတို့တစ်နာရီခန့်တိုင် စကားပြောဆိုခဲ့ကြသည်။ နေ့တစ်ဝက်ကုန်သွားပြီးတာတောင် သူတို့ Tianqiao ဆီကို မရောက်ကြသေးဘူး။
ခေါက်ဆွဲဆိုင်ရဲ့ တံခါးအပြင်ဘက်ရောက်တော့ Shang Xirui က လူတွေရဲ့အမြင်ကို ဂရုမစိုက်ဘူးဟု ဆုံးဖြတ်ထားပြီး Cheng Fengtai ရဲ့လက်ကို ကိုင်လိုက်သည်။
ရုတ်တရက် Tianqiao သည် သူတို့၏မျက်စိရှေ့တွင်လှမ်းမြင်နေရပြီဖြစ်သည်။
Tianqiao သည် သေးငယ်တဲ့ နေရာလွတ်ဖြစ်ပြီး Cheng Fengtai က သူ့ပတ်ဝန်းကျင်ကို သတိပြုမိသည်။ သူ့အိမ်ရှိ ဥယျာဉ်သည် ဤနေရာထက်ပင် ပိုကျယ်နိုင်သည်။
Tianqiao တွင် အစုံရှိသည်။ တစ်ချို့က သီချင်းဆိုကြသည်။ တချို့က စကားနိုင်လုပွဲ လုပ်နေကြပြီး၊ ရှေ့ဖြစ်ဟောတွေလည်းရှိသည်။ ဖက်ထုပ်ဆိုင်တွေနဲ့ နိုင်ငံခြားပန်းချီပြပွဲတွေလည်း ရှိသည်။ တစ်နေရာတည်းတွင် အမျိုးမျိုးသော လူများ စုဝေးနေကြပြီး လေထုသည် အလွန်စည်ကားနေသည်။
Shang Xirui က Cheng Fengtai ကိုခေါ်ပြီး အရှေ့ပြေးလိုက်အနောက်ပြေးလိုက်နှင့် လိုက်ကြည့်သည်။ မျက်နှာဖုံးများ ရောင်းချသည့် ဆိုင်တစ်ခုတွင် ပေကျင်းအော်ပရာ မျက်နှာဖုံး အမျိုးမျိုးကို တွေ့ခဲ့ကြသည်။
Shang Xirui က ဝမ်းသာအားရနဲ့ "သူတို့ ဒီမျက်နှာဖုံးကို လုပ်ထားတာ အရမ်းကောင်းတယ်။ လက်ရာမြောက်တယ်။ Cao Cao ဘဲ! ကြည့်စမ်း၊ Huang Chao လည်းရှိတယ်။ ဒါသာရှိရင် စင်ပေါ်မတက်ခင် မျက်နှာကို ဘာမှလိမ်းစရာ မလိုတော့ဘူး"
သူက မျက်နှာဖုံးတစ်ခုယူပြီး Cheng Fengtai ရဲ့မျက်နှာကို ကပ်ကြည့်ရင်း ဘယ်ညာကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ပြောသည်။
"မကောင်းတာက ဒီမျက်နှာဖုံးကို ဝတ်လိုက်တာနဲ့မျက်လုံးကိုပါ အုပ်နေတာ၊ မျက်စိကို မမြင်နိုင်ရင် စိတ်ခံစားချက်ကို ဖော်ထုတ်လို့မရတော့ ဘယ်လိုလုပ်မလဲ"သူတို့နှင့် မနီးမဝေးတွင် အနီနှင့်အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် မိတ်ကပ်အနည်းငယ်လူးထားပြီး နဖူးတွင်လည်း ဆံမြိတ်အနည်းငယ် ချထားသည်။ သူမသည် ပခုံးပေါ်တွင် ငါးဆူးတောင်ပုံလက်မောင်းကို ၀တ်ဆင်ထားသည်။ ယင်းပုံစံသည် Su San ၏ဝတ်စုံဖြစ်ပြီး သူမဘေးတွင် Er Hu တီးနေသည့် အဘိုးအိုတစ်ဦးလည်းရှိသည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Historical FictionWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...